
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၃ ရက်
မြောက်ကိုရီးယားနိုင်ငံကို ပစ်မှတ်ထားတဲ့ လုံခြုံရေးမဟာမိတ်အဖွဲ့ မဖွဲ့စည်းဖို့ ရုရှား နိုင်ငံခြား ရေးဝန်ကြီး ဆာဂျီလာရော့ဗ်က အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်ကို ဇူလိုင်လ ၁၂ ရက်မှာ သတိပေး ခဲ့ပါတယ်။
မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုဆွန်ဟွီနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဆာဂျီလာရော့ဗ်ဟာ သောကြာနေ့က မြောက်ကိုရီးယားနိုင်ငံအရှေ့ပိုင်း ဝန်ဆမ်မြို့သို့ သွားရောက်ခဲ့ပါတယ်။
အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့ဟာ မြောက်ကိုရီးယားနိုင်ငံဝန်းကျင်မှာ စစ်ရေးအင် အား တည်ဆောက်နေတယ်လို့ တွေ့ဆုံဆွေးနွေးမှုအပြီးမှာ ၎င်းက စွပ်စွဲခဲ့ပါတယ်။
“မြောက်ကိုရီးယားနဲ့ ရုရှားကို ဉီးတည်တဲ့ မဟာမိတ်အဖွဲ့တွေ ဖွဲ့စည်းဖို့ ဆက်ဆံရေးကို အသုံးမ ချဖို့ ကျွန်တော်တို့ သတိပေးပါတယ်” လို့ သူက သတင်းထောက်တွေကို ပြောပါတယ်။
မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယားလက်နက်တွေရရှိဖို့ ဆုံးဖြတ်ချက်ကို ရုရှားနိုင်ငံက နား လည်တယ်လို့ ဆာဂျီလာရော့ဗ်က ဆက်ပြောပါတယ်။
“မြောက်ကိုရီးယားနိုင်ငံ အသုံးပြုတဲ့ နည်းပညာတွေဟာ သူတို့သိပ္ပံပညာရှင်တွေ ကြိုးပမ်းမှုရဲ့ရ လဒ်ပါ။ ကျွန်တော်တို့ မြောက်ကိုရီးယားနိုင်ငံရဲ့ မျှော်မှန်းချက်တွေကို လေးစားသမှုရှိပြီး နျူကလီးယားဖွံ့ ဖြိုးရေး အစီအစဉ်ကြိုးပမ်းတဲ့ အကြောင်းရင်းတွေကို နားလည်ပါတယ်” လို့ ၎င်းက ဆိုပါတယ်။
မြောက်ကိုရီးယားက ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ကို ခြွင်းချက်မရှိ ထောက်ခံကြောင်း၊ မြောက်ကိုရီးယားနဲ့ရုရှားကြား ဆက်ဆံရေးဟာ အနိုင်မခံအရှုံးမပေးသော မဟာမိတ်ပြုမှုဖြစ်ကြောင်း ချို ဆွန်ဟွီက ပြောပါတယ်။
ရုရှားအနောက်ပိုင်း ကာတ်စ်ဒေသအတွင်း ယူကရိန်းရဲ့ ကျူးကျော်မှုကို တွန်းလှန်ရာမှာ မြောက် ကိုရီးယားတပ်ဖွဲ့တွေက ရုရှားကို ကူတိုက်ပေးတဲ့အတွက် ကျေးဇူးတင်တယ်လို့ ဆာဂျီလာရော့ဗ်က ပြော ပါတယ်။
ကိုးကား – AP
Ref; Russia warns US, South Korea and Japan against forming security alliance targeting North Korea%