ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၃ ရက်

မြန်မာ့အရေး ဖြေရှင်းနိုင်ရေး မတူညီသော သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံတဲ့ အားလုံး ပါဝင်သော ချဉ်းကပ်မှုအတွက် အာဆီယံဉက္ကဌရဲ့ အထူးကိုယ်စားလှယ် အော့သမန်ဟာရှင်းကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက ချီးကျူးလိုက်ပါတယ်။

၅၈ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး ထုတ်ပြန်ခဲ့တဲ့ ပူးတွဲ ကြေညာချက်မှာ အာဆီယံ အထူးကိုယ်စားလှယ်ကို အခုလို အသိအမှတ်ပြုခဲ့တာပါ။

ဇန်နဝါရီလအတွင်း အာဆီယံဉက္ကဌရဲ့ အထူးသံတမန်အဖြစ် ခန့်အပ်ခံခဲ့ရတဲ့ အော့သမန်ဟာ အာ ဆီယံအဖွဲ့ဝင်တွေ၊ ဆွေးနွေးဘက်မိတ်ဖက်တွေ၊ မြန်မာ့အိမ်နီးချင်းတွေ၊ လူသားချင်းစာနာမှု အဖွဲ့အစည်း တွေနဲ့ တက်ကြွစွာ လက်တွဲဆောင်ရွက်ခဲ့ပါတယ်။

“အော့သမန်ရဲ့ အားလုံးနဲ့ ထိတွေ့ဆက်ဆံမှုဟာ မြန်မာနိုင်ငံရဲ့ ရှုပ်ထွေးသော စိန်ခေါ်မှုတွေကို ဖြေရှင်းရာမှာ ပူးပေါင်းကြိုးပမ်းဖို့ အာဆီယံအဖွဲ့ရဲ့ ကတိကဝတ်ကို ထင်ဟပ်စေပါတယ်” လို့ ထုတ်ပြန် ချက်က ဖော်ပြပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်ဟောင်း အော့သမန်ဟာ မြန်မာနိုင်ငံမှာ စစ်အာ ဏာသိမ်းမှုနောက်ပိုင်း ခန့်အပ်ခံခဲ့ရတဲ့ ပဉ္စမမြောက် အထူးသံတမန် ဖြစ်ပါတယ်။

ပဋိပက္ခပြင်းထန်လာပြီး လူသားချင်းစာနာမှုအခြေအနေ ဆိုးရွားလာတဲ့အပေါ် အလွန်အမင်း စိုး ရိမ်ကြောင်း အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက ထုတ်ဖော်ပြောခဲ့ပြီး အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ အရပ်သားတွေကို ကာကွယ်ပေးဖို့ အဖွဲ့အစည်းအားလုံးကို တိုက်တွန်းခဲ့ပါတယ်။

မြန်မာအကျပ်အတည်း ဖြေရှင်းရာမှာ ဘုံသဘောတူညီချက် (၅) ရပ်ကို အဓိကမူဘောင်အဖြစ် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက ထပ်လောင်းအတည်ပြုခဲ့ပြီး ၄၇ ကြိမ်မြောက် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲမတိုင်မီ ဘုံသဘောတူညီချက် ဖော်ဆောင်မှုကို ပြန်လည်သုံးသပ်ဖို့ သဘောတူခဲ့ပါတယ်။

အရပ်သားတွေနဲ့ အခြေခံအဆောက်အအုံတွေအပေါ် တိုက်ခိုက်မှုတွေကို ၎င်းတို့က ရှုတ်ချခဲ့ပြီး လူသားချင်းစာနာမှု အကူအညီ ပေးအပ်ခွင့်ပြုဖို့နဲ့ တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုခဲ့ပါတယ်။

ကိုးကား – Bernama
Ref; ASEAN ministers praise special envoy’s inclusive Myanmar efforts