
ဧရာ၀တီတိုင်းမ်
ဇူလိုင် ၁၂ ရက်
မန္တလေး-ရန်ကုန် အမြန်လမ်းမကြီး၊ အနောက်ဘက်အခြမ်းရှိ ၁၇၅ မိုင်ဝန်းကျင်တွင် ယမန်နေ့ ဇူလိုင် ၁၁ ရက်နေ့ ညပိုင်းက ရွာသွန်းခဲ့သော မိုးကြောင့် ရေများတိုးလာကြောင်း သိရသည်။
ထို့အပြင် အမြန်လမ်းမကြီး ၁၆၉ မိုင်မှ ၁၇၆ မိုင်ကြား၊ မန္တလေး-ရန်ကုန်ဘက်အခြမ်းတွင်လည်း တောင်ကျချောင်းရေများ စီးဆင်းခဲ့သဖြင့် ယနေ့ ဇူလိုင် ၁၂ ရက် နံနက်ပိုင်းတွင် လူမှုကူညီရေး အဖွဲ့များကရွှေ့ပြောင်း ကယ်ဆယ်ခြင်းများ လုပ်ဆောင်ခဲ့ရကြောင်း သိရသည်။
ဆွာချောင်းရေ အနည်းငယ်မြင့်တက်နေပြီး သိုင်းချောင်းတောင်ကျရေကြောင့် အမြန်လမ်း မိုင်တိုင် ၁၆၉ မိုင်မှ ၁၇၆ မိုင်ကြားရှိ အိမ်ခြေ ၂၀ ရွာနှင့် သိုင်းချောင်းကမ်းနီးနေအိမ်များကို ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။
ဆွာ၊ ကတိုး၊ တောင်ငူ၊ ရွှေဂုံသုခ လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ (ဆွာ)၊ အမြန်လမ်းမီးသတ်တပ်ဖွဲ့ (၁၇၃ မိုင်)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် သာဂရ ပရဟိတအဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ-U Wa Gyi ၊ Badan Sai (လူမှုကွန်ရက်)