ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၁ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့တွင် ဇူလိူင်လ (၁၁)ရက် နံနက် ၃ နာရီခန့်မှစတင်ပြီး မြို့တွင်းနေရာများတွင် ဆိုင်ကယ်ဖမ်းဆီးကာငွေတောင်းယူမှုများပြုလုပ်ခဲ့သောကြောင့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များကို ဒေသခံများမှဝေဖန်နေကြသည်။

နံနက်အစောပိုင်း ဈေးရောင်း၊ ဈေး၀ယ် လာကြသူများ အပါအ၀င် ဒေသခံ ၅၀ နီးပါး၏ ဆိုင်ကယ်များကို အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးငွေတောင်းယူခဲ့ပြီး ၊ ငွေမပေးနိုင်ပါက လိုင်စင်သိမ်းကာ ချလံဖြတ်ခဲ့ကြောင်းသိရသည်။

“မနက် အစောကြီး သုံးနာရီခွဲပဲရှိသေးတယ်။ သီးနှံလေးတွေ ဘူတာဈေး မှာ ဖောက်သည်လာပို့တာအဖမ်းခံလိုက်ရတယ်။ ဈေးအရင်းတောင်မရှိတော့ဘူး။ သုံးသောင်းပေးလိုက်ရတယ်”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

ယခုကဲ့သို့ ယာဥ်ထိန်းတပ်ဖွဲ့၏ စီးပွားရှာငွေတောင်းယူမှုကို ဒေသခံ အချို့က​ဝေဖန်သည့် အကြောင်းများ လူမှုကွန်ရက်များတွင်ရေးသားထားကြောင်းတွေ့ရသည်။

ဧရာဝတီတိုင်းရှိ မြို့နယ်များတွင် အဖွဲ့များဖွဲ့ပြီးဖမ်းဆီးကာလိုင်စင်မဲ့ဆိုင်ကယ်၊ ကားများကို တရားမ၀င် ကုန်သွယ်မှု ဥပဒေအကြောင်းပြချက်ဖြင့် ကျပ်ငွေတစ်သိန်းမှ ငါးသိန်းကျပ်အထိ အမျိုးမျိုးတောင်းခံနေသောကြောင့်အခြေခံလူတန်းစားအများစုသည် လက်ရှိ ကုန်ဈေးနှုန်းအရလိုင်စင်မဲ့ ဆိုင်ကယ်ကိုသာစီးနင်းနိုင်ကြပြီး ယခုကဲ့သို့ ဖမ်းဆီးဒဏ်ရိုက်မှုများ ပြုလုပ်းခြင်းကြောင့် သွားလာလုပ်ကိုင်ရေး အခက်အခဲဖြစ်နေကြသည်။

#ပုသိမ်မြို့ #ယာဉ်ထိန်းများ #ဆိုင်ကယ်ဖမ်းဘ#စီးပွါးရှာနေ
#Ayeyarwaddy_Times