
မြန်မာ့အရေးနဲ့ပတ်သက်တဲ့ အာဆီယံရဲ့ ကိုင်တွယ်ဖြေရှင်းပုံနည်းလမ်း ပြောင်းလဲဖို့လိုပြီ
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၃၀ ရက်
အာဏာသိမ်းစစ်တပ်က အာဏာသိမ်းမှုဆန့်ကျင်ရေးတပ်ဖွဲ့တွေကို ရက်စက်ကြမ်းကြုတ်တဲ့ နှိမ်နင်းမှုတွေ ဆက်လက်ပြုလုပ်နေတာ တစ်နှစ်ခွဲကျော် ရှိလာခဲ့ပါပြီ။
မြန်မာစစ်တပ်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အာဏာသိမ်းမှုကိုဆန့်ကျင်ဖို့ မအောင်မြင်သော ငြိမ်းချမ်းတဲ့ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါ တယ်။
မြန်မာစစ်တပ်က တစ်တိုင်းပြည်လုံးမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေသလို ရိုဟင်ဂျာတွေကို ထိန်းသိမ်းရေးစခန်းတွေထဲ သွားလာခွင့်ကန့်သတ်ထားသလို တက်ကြွလှုပ်ရှားသူတွေအပေါ် တိုးမြှင့်ပြီး ဖိ အားပေးနေပါတယ်။
မြို့ပြဧရိယာတွေအထိ တိုက်ပွဲတွေ ပျံ့နှံလာသလို စစ်တပ်မှထွက်ပြေးသူတွေ များပြားလာခဲ့ပြီး တိုင်းရင်း သားလက်နက်ကိုင်တွေနဲ့ PDF တွေနဲ့ စစ်ပွဲမှာ ရှုံးနိမ့်နေတဲ့ မြန်မာစစ်တပ်က ရာဇဝတ်မှုတွေ ပိုပြီး ကျူးလွန်လာ ပါတယ်။
တက်ကြွလှုပ်ရှားသူလေးဦးကို ကြိုးပေးကွက်မျက်ခြင်းအားဖြင့် အာဏာသိမ်းစစ်တပ်က အာဆီယံအဖွဲ့ ကို မထီလေးစားလုပ်တာကို ပြသခဲ့ပါတယ်။ မြန်မာစစ်တပ်က အပယ်ခံဖြစ်နေပေမယ့် အာဆီယံအဖွဲ့ကလည်း စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအတွက် ပြင်းပြင်းထန်ထန် အရေးယူဖို့ ငြင်းဆန်နေပါတယ်။
တစ်ကယ်တော့ အာဆီယံအဖွဲ့ဟာ စစ်တပ်က အာဏာသိမ်းချိန်ကတည်းက မြန်မာ့အရေးနဲ့ပတ်သက်လို့ ထိထိရောက်ရောက် လုပ်ဆောင်နိုင်ခဲ့တာ မရှိပါဘူး။ ဘရူနိုင်းနိုင်ငံက အာဆီယံ အလှည့်ကျဥက္ကဌအဖြစ် တာဝန် ယူခဲ့စဉ်က စစ်ကောင်စီကို အစည်းအဝေးတက်ရောက်ခွင့် ပိတ်ပင်တာမျိုးသာ အရေးယူနိုင်ခဲ့ပါတယ်။
အာဆီယံအဖွဲ့က မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေအပေါ် သိသိသာသာ ဖိအားပေးတာမျိုး မရှိခဲ့ဘဲ အာဆီယံ အထူးကိုယ်စားလှယ်ကို အာဏာသိမ်းစစ်ကောင်စီက ကဖျက်ယဖျက်လုပ်ခဲ့ပါတယ်။
၂၀၂၂ ခုနှစ်မှာ ကမ္ဘောဒီးယားနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဌ ဖြစ်လာချိန်မှာ ဝန်ကြီးချုပ် ဟွန်ဆမ်က မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေကို အာဆီယံမှာ ပြန်လည်နေရာပေးဖို့ ကြိုဆိုခဲ့ပြီး နေပြည်တော်ကို သွားရောက်ကာ ရက်စက်ကြမ်းကြုတ်တဲ့ အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်ပြုဖို့ လမ်းဖွင့်ပေးခဲ့ပါတယ်။
အာဆီယံ ဘုံသဘောတူညီချက်ငါးရပ် အကောင်အထည်ဖော်မှု မတိုးတက်သရွေ့ မြန်မာဗိုလ်ချုပ်ကြီးတွေ အစည်းအဝေးတက်ရောက်ခွင့်မပြုဖို့ အာဆီယံအဖွဲ့က ပိတ်ပင်ခဲ့ပါတယ်။ စစ်ကောင်စီက ဘုံသဘောတူညီချက်ကို မလိုက်နာရင် ထပ်မံ အရေးယူမယ်လို့ အာဆီယံအဖွဲ့က ပြောလာပြန်ပါတယ်။
မြန်မာစစ်တပ်ကလည်း ကိုယ်ပိုင်ငြိမ်းချမ်းရေးစီမံချက်ကို လိုက်နာနေတယ်လို့ ပြောပြီး အတိုက်အခံတွေ အားလုံးကို ဖြိုခွင်းကာ အရပ်ဘက်ပစ်မှတ်တွေအပေါ် တိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်နေပါတယ်။
မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းရာမှာ အဓိပ္ပာယ်ရှိဖို့ဆိုရင် အာဆီယံအဖွဲ့ကု အလုပ်မဖြစ်တဲ့ ဘုံသဘော တူညီချက်ကို စွန့်လွှတ်ရမှာဖြစ်ပြီး ဒီအစီအစဉ်က အသုံးမဝင်ဘူးဆိုတာ ဝန်ခံကာ ရက်စက်ကြမ်းကြုတ်မှုတွေ တိုး မြှင့်လုပ်ဆောင်နေတဲ့ အာဏာသိမ်းစစ်ကောင်စီကို ပြင်းထန်စွာ အရေးယူရမှာဖြစ်ပါတယ်။
အာဆီယံအဖွဲ့မှာ မြန်မာစစ်တပ်ကို အပြစ်ပေးနိုင်တဲ့ နည်းလမ်းများစွာရှိပေမယ့် အာဏာသိမ်းစစ်ကောင် စီကို အရေးမယူနိုင်သေးဘဲ မြန်မာ့အရေးဖြေရှင်းရာမှာ ကိုင်တွယ်ဖြေရှင်းပုံနည်းလမ်း အပြောင်းအလဲလုပ်ဖို့ လို အပ်နေပြီဆိုတဲ့ သက်သေပဲဖြစ်ပါတယ်။
သြဂုတ်လ ၂၉ ရက်က Council on Foreign Relations ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ Joshua Kurlantzick ရဲ့ ASEAN’s complete failure on Myanmar သုံးသပ်ချက်ကို ဆီလျော်အောင် ဘာသာပြန်ထားခြင်းဖြစ်ပါတယ်။