နဝဒေးတံတားပေါ်က ခုန်ချခဲ့တဲ့ ၃ နှစ် အရွယ်ကလေးနဲ့မိခင် ၃ ရက်ကြာသည့်အထိ ရှာမတွေ့သေး

ဧရာဝတီတိုင်းမ်

သြဂုတ်လ ၃၀ ရက်

ပဲခူးတိုင်း(အနောက်ခြမ်း)၊ ပြည်မြို့မှာ ၃ နှစ်အရွယ် ကလေးနဲ့မိခင် သြဂုတ်လ ၂၈ ရက် နေ့လည် ၃ နာရီဝန်းကျင်မှာ နဝဒေးတံတားပေါ်ကနေ ဧရာဝတီမြစ်ထဲကိုခုန်ချသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ခုန်ချသွားသူဟာ ခေတ္တရာမြို့သစ် ၁၂ လမ်းမှာ နေထိုင်တဲ့ အသက် ၂၃ နှစ်အရွယ် မအိဝေထွန်း (ခ)အိလေးနဲ့ သူမရဲ့ သမီးဖြစ်သူ အသက် ၃ နှစ်အရွယ် မနှင်းရတီမောင်တို့ဖြစ်တယ်လို့ သိရပါတယ်။

ခုန်ချသွားပြီးတဲ့နောက် ရဲတွေက တံတားပေါ်ကနေကြည့်နေတဲ့အချိန်မှာ ကလေးက ရေပြင်ပေါ်ပြန်တက်လာပြီး မိခင်ဖြစ်သူက ရေထဲနစ်မြုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ ၃ ရက်ကြာတဲ့အထိ မိခင်ရော ကလေးကိုတွေ့ရှိတာမျိုးမရှိသေးဘဲ ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေနေဆဲဖြစ်တယ်လို့သိရပါတယ်။

ဓာတ်ပုံ – လူမှုကွန်ယက်။

#AyeyarwaddyTimes