ဧရာဝတီတိုင်းမ်
ဇူလိုင် ၉ ရက်

ဧရာ၀တီတိုင်း၊ ကန်ကြီးထာင့်မြို့နယ်အတွင်းတွင် ပြည်သူ့စစ်ဖွဲ့ရန်အတွက် ကျေးရွာအုပ်စု တစ်စုလျှင် အယောက် ၃၀ တောင်းခံနေကြောင်းသိရှိရသည်။

ဝါးဒူးကျေးရွာအုပ်စုတွင် ပြီးခဲ့သောရက်ပိုင်းက ကျေးရွာအတွင်းရှိ အသက် ၃၅ နှစ်အထက်အမျိုးသားအချို့ကို ရွှေးခြယ်ကာ ပြည်သူ့စစ်သင်တန်းတက်ရန် ဖောင်ဖြည့်ခိုင်းကြောင်းသိရှိရသည်။

“ရှေ့တန်းမထွက်ရဘူး ၊ကိုယ့်ရွာပဲလုံခြုံရေးလုပ်ရမယ်လို့တော့ပြောတယ်လူငယ်တွေလည်း စစ်မှုထမ်းရလို့ ပြေးကုန်ပြီ ခုလည်းအသက်၆၀အထိပါပြည်သူ့စစ်ဆိုပြီးလိုက်ထည့်နေတယ်”ဟု ဒေသခံတစ်ဦးမှ ​ဧရာ၀တီတိုင်းမ်ကိုပြောသည်။

ဧရာ၀တီတိုင်းရှိ ငါးသိုင်းချောင်း၊ လေးမျက်နှာမြို့နယ်များတွင်အာရက္ခတပ်တော်AA ပူးပေါင်းတပ်များနှင့်စစ်ကောင်စီတပ်တို့ကြားတိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီမှ အင်အား
လုံလောက်မှုမရှိသောကြောင့် ပြည်သူများကို လုံခြုံရေးအကြောင်းပြချက်ဖြင့် ပြည်သူ့စစ်များဖွဲ့ရန် ဖိအားပေးခိုင်းစေခြင်းဖြစ်ကြောင်းသိရှိရသည်။