
ဧရာဝတီတိုင်းမ်
ဇူလိုင် ၆ ရက်
အမေရိကန်နိုင်ငံတောင်ပိုင်း တက္ကဆတ်ပြည်နယ်မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ရာ လူ ၂၄ ဉီး ထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒေသန္တရ အာဏာပိုင်တွေဟာ ပျောက်ဆုံးနေသူတွေကို ရှာဖွေမှုတွေ ဆက်လက်ပြုလုပ်နေတယ် လို့ သိရပါတယ်။
သောကြာနေ့အစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဂွာဒါလူပီမြစ်တစ်လျှောက်ရှိ ဒေ သတစ်ခုမှာ ရေဘေးသင့်ခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ ကလေးငယ်တွေ ပါဝင်တယ်လို့ ဒေသန္တရအာ ဏာပိုင်တွေက ပြောပါတယ်။
နွေရာသီသင်တန်းတစ်ခု တက်ရောက်နေတဲ့ မိန်းခလေး ၂၀ ကျော် ပျောက်ဆုံးနေတယ်လို့ တက္ကဆတ်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဒန်ပက်ထရက်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးဆောင်ရွက်ဖို့ အာဏာပိုင်တွေကဟာ ရဟတ်ယာဉ်တွေ၊ ဒရုန်းတွေနဲ့ အခြားနည်းလမ်းတွေ အသုံးပြုနေတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
မြစ်ရေ ပြည့်လျှံမှုကြောင့် လမ်းမကြီးတွေ ရေနစ်မြုပ်ကာ ရွှံ့ရေတွေ နေအိမ်တွေထဲ စီးနေပုံကို ရုပ်သံဖိုင်တွေမှာ မြင်တွေ့ရပါတယ်။
အချိန်တိုကာလအတွင်း မိုးသည်းထန်စွာရွာသွန်းမယ်ဆိုတာ မခန့်မှန်းနိုင်ခဲ့ဘူးလို့ ဒေသန္တရ တာ ဝန်ရှိသူတစ်ဉီးက ပြောပါတယ်။
ရေကြီးရေလျှံမှုဖြစ်နိုင်တဲ့ သတိပေးချက် မရှိတာကြောင့် အာဏာပိုင်တွေက ဒေသခံတွေ ဘေး လွတ်ရာရွှေ့ပြောင်းဖို့အမိန့် မထုတ်ပြန်ခဲ့ဘူးလို့ ၎င်းက ဆိုပါတယ်။
ကိုးကား – NHK
Ref; At least 24 dead in Texas flooding