
ဧရာဝတီတိုင်းမ်
ဇွန် ၂၁ ရက်
အစ္စရေးနိုင်ငံဟာ အမေရိကန်ရဲ့ အကူအညီမပါဘဲ အီရန်ရဲ့ နျူကလီးယား အဆောက်အအုံအား လုံးကို ဖျက်ဆီးနိုင်စွမ်းရှိတယ်လို့ ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ပြောပါတယ်။
အစ္စရေး ရုပ်သံလွှင့်ဌာနတစ်ခုက ကြာသပတေးနေ့မှာ နေတန်ယာဟုကို တွေ့ဆုံမေးမြန်းရာမှာ အခုလို ပြောကြားခဲ့တာပါ။
အမေရိကန်ရဲ့ အကူအညီနဲ့ သို့မဟုတ် အမေရိကန်ရဲ့ အကူအညီမပါဘဲ Fordow မြို့ရှိ ယူရေနီ ယမ် သန့်စင်စက်ရုံတစ်ခုကို တိုက်ခိုက်နိုင်ခြင်း ရှိ မရှိ မေးမြန်းရာမှာ “ကျွန်တော်တို့ရဲ့ ပစ်မှတ်အားလုံး၊ အီရန်ရဲ့ နျူကလီးယားစက်ရုံအားလုံးကို ဖျက်ဆီးနိုင်တဲ့အင်အား ရှိပါတယ်” လို့ ၎င်းက ဖြေကြားခဲ့ပါ တယ်။
Fordow မြို့ရှိ ယူရေနီယမ် သန့်စင်စက်ရုံဟာ အီရန်နိုင်ငံအလယ်ပိုင်း၊ တောင်ကုန်းထူထပ်ရာ ဧရိယာတစ်ခုရဲ့ မြေအောက်အနက် ၈၀ မီတာခန့်မှာ တည်ရှိတယ်လို့ သိရပါတယ်။
အစ္စရေးက တောင်းဆိုရင် စစ်ရေးအရ ဝင်စွက်ဖက်ဖို့နဲ့ Fordow မြို့ရှိ ယူရေနီယမ် သန့်စင်စက်ရုံ ကို ဖျက်ဆီးဖို့ ဘန်ကာခွင်းဗုံးတွေ အသုံးပြုဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရက စဉ်းစားနေပါ တယ်။
အစ္စရေးနိုင်ငံက Fordow မြို့ရှိ ယူရေနီယမ် သန့်စင်စက်ရုံကို ကြီးမားတဲ့ ထိခိုက်ပျက်စီးမှု ပြု လုပ်နိုင်တယ်လို့ အမေရိကန်သတင်းဌာန Axios က အစ္စရေးအစိုးရ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။
အစ္စရေးနိုင်ငံဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလအတွင်း ဆီးရီးယားနိုင်ငံရှိ မြေအောက်ဒုံးကျည်စက် ရုံတစ်ခုကို ရုတ်တရက် တိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ဘန်ကာခွင်းဗုံးတွေကို အားကိုးနေမှာမဟုတ်ဖူးလို့ အ ဆိုပါသတင်းရင်းမြစ်တွေက ဆိုပါတယ်။
အီရန်နိုင်ငံကို စစ်ရေးအရ အရေးယူ မယူ နှစ်ပတ်အတွင်း ဆုံးဖြတ်မယ်လို့ ဒေါ်နယ်ထရမ့်က ကြာသပတေးနေ့မှာ လူမှုကွန်ရက်၌ ရေးသားခဲ့ပါတယ်။
ကိုးကား – NHK
Ref; Netanyahu: Israel can destroy all of Iran’s nuclear sites without US help
#Ayeyarwaddy_Times