မြန်မာဘက်မှပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေ ကျရောက်မှုနဲ့ပတ်သက်လို့ ပြင်းပြင်းထန်ထန် ကန့်ကွက်မယ်လို့ ဘင်္ဂလားဒေ့ရှ် ပြော

ဧရာဝတီတိုင်းမ်

သြဂုတ်လ ၂၉ ရက်

မြန်မာဘက်ကပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ကျရောက်တာကို ပြင်းပြင်း ထန်ထန် ကန့်ကွက်မယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အတွင်းဝန် မာဆွပ်ဘင်မိုမန်က ပြောကြားလိုက်ပါတယ်။

“ဒီလိုမျိုးဖြစ်ရပ်တွေမှာ ကျွန်တော်တို့ ကန့်ကွက်နေကျဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်တွေအတွင်းကလည်း အခုလိုမျိုး လက်နက်ကြီးကျည်ကျတဲ့ အစီရင်ခံစာတွေ ကျွန်တော်တို့ ရရှိခဲ့ပါတယ်” လို့ မနေ့က ဘင်္ဂလားဒေ့ရှ် နယ်စပ် မှာ လက်နက်ကြီးကျည်နှစ်လုံး ကျရောက်ပြီးနောက် ၄င်းက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင်နက်အတွင်းမှာ အလားတူဖြစ်ရပ်မျိုးတွေ ထပ်မဖြစ်ရအောင် ပြင်းပြင်းထန်ထန် ကန့်ကွက်သွားမယ်လို့ ၄င်းက သတင်းထောက်တွေကို ပြောပါတယ်။

နှစ်နိုင်ငံနယ်စပ်ကနေ ကီလိုမီတာဝက်ခန့်အကွာ ဝတ်ပြုဗလီကျောင်းတစ်ခုနဲ့ကပ်လျက်မှာ လက်နက် ကြီးကျည်တွေ ကျရောက်ခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

မြန်မာနယ်ခြားစောင့်တပ်ဖွဲ့နဲ့ လက်နက်ကိုင်အဖွဲ့တစ်ခုကြား တိုက်ပွဲတစ်ခုအတွင်း လက်နက်ကြီးကျည် တွေကို ပစ်ခတ်ခဲ့တာလို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ယုံကြည်နေပါတယ်။

လက်နက်ကြီးကျည်ကျရောက်မှုကြောင့် ထိခိုက်သေဆုံးမှု မရှိခဲ့သော်လည်း နယ်စပ်ဘက်မှ သေနတ်ပစ်ခတ်သံတွေကို နှစ်ပတ်ကြာတိုင် ကြားနေရတဲ့ ဒေသခံတွေကြား အုတ်အော်သောင်နင်းဖြစ်သွားခဲ့ပါတယ်။

ဓာတ်ပုံ – ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး(ပုံဟောင်း) (bdnews24.com)။

ကိုးကား – bdnews24.com

Ref; Bangladesh to protest ‘strongly’ against shells fired from Myanmar