
ဧရာဝတီတိုင်းမ်
ဇွန် ၁၈ ရက်
အီရန် နျူကလီးယားနယ်မြေတွေကို တိုက်ခိုက်မှုတွေ ဆက်လုပ်မှာဖြစ်ပြီး အီရန်နိုင်ငံအလယ် ပိုင်းရှိ Fordow စခန်းဟာ သေချာပေါက် ပစ်မှတ်ဖြစ်လာမယ်လို့ အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေး ကာတ်ဇ်က အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။
အစ္စရေးတပ်ဖွဲ့ဟာ Natanz ရှိ နျူကလီးယားအဆောက်အအုံတစ်ခု အပါအဝင် အခြားနယ်မြေ များကို တိုက်ခိုက်ခဲ့ပြီးဖြစ်ပေမယ့် Fordow စခန်းဟာ အလွန်နက်တဲ့ မြေအောက်မှာ တည်ရှိပါတယ်။
အစ္စရေးနိုင်ငံမှာ အောင်မြင်သောတိုက်ခိုက်မှု လုပ်ဆောင်ရာမှာ လိုအပ်တဲ့ ဘန်ကာခွင်းဗုံးတွေ မ ရှိတာကြောင့် အမေရိကန်နိုင်ငံက ထောက်ပံ့ပေးဖို့ တောင်းဆိုထားပါတယ်။
အစ္စရေးတပ်မှူးတွေဟာ ထိပ်တန်း အီရန်စစ်ဘက်ခေါင်းဆောင်တွေ၊ အဆောက်အအုံတွေနဲ့ နျူ ကလီးယားနယ်မြေတွေကို တိုက်ခိုက်ခဲ့ပါတယ်။
သီတင်းပတ်တစ်ခု နှစ်ခုအတွင်း အစ္စရေးစစ်တပ်ရဲ့ ရည်မှန်းချက် ပြီးစီးနိုင်တယ်လို့ ဒေသန္တရမီဒီ ယာတွေက ဖော်ပြခဲ့ပါတယ်။
အီရန်နိုင်ငံကလည်း ဒုံးကျည်တွေနဲ့ လက်တုံ့ပြန်တိုက်ခိုက်ခဲ့ရာ အစ္စရေးနိုင်ငံအလယ်ပိုင်းမှာ လူ ငါးဉီး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အီရန်နိုင်ငံရဲ့ တိုက်ခိုက်မှုတွေ မပြီးဆုံးသေးဘူးလို့ အီရန် ကာကွယ်ရေးဉီးစီးချုပ် အဒိုရာဟင်မော် ဆာဗီက ပြောပါတယ်။
“အခုချိန်ထိ လုပ်ဆောင်ခဲ့သမျှ စစ်ဆင်ရေးတွေဟာ သတိပေးချက်တွေသာ ဖြစ်ပါတယ်။ အပြစ် ပေးတဲ့ စစ်ဆင်ရေးတွေကို မကြာမီ လုပ်ဆောင်သွားပါမယ်” လို့ ၎င်းက ဆိုပါတယ်။
အီရန်ရဲ့ အစ္စရေးအပေါ် နောက်ထပ် တိုက်ခိုက်မှုတွေ စတင်ခဲ့ပြီလို့ နိုင်ငံပိုင် Tasnim သတင်းဌာ နက ဖော်ပြခဲ့ပါတယ်။
ကိုးကား – NHK
Ref; Israel hints at more strikes against Iran’s nuclear sites
#Ayeyarwaddy_Times