
(ဆန္ဒပြပွဲတွေမှာ ပြည်သူများစွာ ပါဝင်နိုင်ဖွယ်ရှိလို့ လော့အိန်ဂျလိစ်ရဲတပ်ဖွဲ့ကို အမြင့်ဆုံးအဆင့် တပ်လှုန့်ထား)
ဧရာဝတီတိုင်းမ်
ဇွန် ၁၅ ရက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ဆန္ဒပြပွဲတွေမှာ လူပေါင်းများစွာ ပါဝင်မယ်လို့ မျှော်မှန်းရ လို့ လော့အိန်ဂျလိစ်မြို့ရှိ ရဲတပ်ဖွဲ့ကို အမြင့်ဆုံးအဆင့် တပ်လှုန့်ထားတယ်လို့ သိရပါတယ်။
လော့အိန်ဂျလိစ်မြို့က ဆန္ဒပြပွဲတွေဟာ အမေရိကန်နိုင်ငံတစ်ဝှမ်းရှိ နေရာ ၂၀၀၀ ကျော်မှာ ပြု လုပ်ဖို့စီစဉ်ထားတဲ့ “No Kings” ဆန္ဒပြပွဲတွေရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။
ဒေါ်နယ်ထရမ့်ရဲ့ ၇၉ နှစ်မြောက်မွေးနေ့နဲ့ တိုက်ဆိုင်နေတဲ့ အမေရိကန်စစ်တပ်ရဲ့ ၂၅၀ နှစ် မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ဝါရှင်တန်မြို့တော်မှာပြုလုပ်တဲ့ စစ်ရေးပြပွဲတစ်ခုကို ကန့်ကွက်ဖို့ ဆန္ဒပြပွဲတွေ ကျင်းပတာလို့ စီစဉ်သူတွေက ပြောပါတယ်။
“No Kings” ဆန္ဒပြပွဲတွေပြုလုပ်ဖို့ လူမှုကွန်ရက်မှာ လှုံ့ဆော်မှုတွေ များပြားခဲ့ပြီး ဆန္ဒပြပွဲတွေ မှာပါဝင်မယ့်လူအုပ် မကြုံစဖူးရှိမယ်လို့ လော့အိန်ဂျလိစ်ရဲတပ်ဖွဲ့ အကြီးအကဲက ပြောပါတယ်။
အမေရိကန် တာဝန်ရှိသူတွေက အထောက်အထားမဲ့ ရွှေ့ပြောင်းအခြေချတွေကို စီးနင်းရှာဖွေမှု တွေ စတင်ပြုလုပ်ခဲ့တဲ့ ဇွန်လ ၆ ရက်နောက်ပိုင်း လော့အိန်ဂျလိစ်မြို့မှာ ဆန္ဒပြပွဲတွေ ဖြစ်ပွားနေပါ တယ်။
ပြီးခဲ့တဲ့သောကြာနေ့မှာ ဆန္ဒပြသူတွေဟာ လော့အိန်ဂျလိစ်မြို့လယ်မှာ ငြိမ်းချမ်းသော ဆန္ဒပြပွဲ တွေ ပြုလုပ်ခဲ့ပါတယ်။
လော့အိန်ဂျလိစ်မြို့တော်ရှိ ဖက်ဒရယ်အဆောက်အအုံကို ကာကွယ်ဖို့ ဒေါ်နယ်ထရမ့်က ကမ်း တက်တပ်ဖွဲ့ဝင် ၂၀၀ စေလွှတ်ခဲ့ပါတယ်။
ကိုးကား – NHK
Ref; LA on high alert as mass protests against Trump expected on Saturday
#Ayeyarwaddy_Times