
ဧရာဝတီတိုင်းမ်
ဇွန် ၁၃ ရက်
မြောက်ကိုရီးယားနိုင်ငံဟာ ရုရှားသို့ တပ်ဖွဲ့တွေ စေလွှတ်မှုကြောင့် ခန့်မှန်းချေအားဖြင့် တစ်လ လျင် ဒေါ်လာ ၄၃ ဒသမ ၈ သန်း သို့မဟုတ် တစ်နှစ်လျင် ဒေါ်လာ ၅၂၅ ဒသမ ၆ သန်း ဝင်ငွေရရှိနေပါ တယ်။
ဒါ့အပြင် မြောက်ကိုရီးယားနိုင်ငံဟာ တာဝန်ထမ်းဆောင်ရင် ကျဆုံးတဲ့ စစ်သားတွေအတွက် ဒေါ် လာ ၆ သန်း ထပ်မံရရှိတယ်လို့ သိရပါတယ်။
ရုရှားနဲ့ သဘောတူညီချက်အရ ရုရှားသို့ စေလွှတ်ထားတဲ့ မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေဟာ ရာထူးအဆင့်ကိုအခြေခံပြီး ဘွဲ့ရလစာတွေ ရရှိတယ်လို့ မြောက်ကိုရီးယားရှိ အဆင့်မြင့် သတင်းရင်းမြစ် တစ်ခုက ပြောပါတယ်။
တပ်မှူးအဆင့်တွေဟာ လစဉ် ဒေါ်လာ ၅၀၀၀၊ နည်းပညာကျွမ်းကျင်သူတွေက ဒေါ်လာ ၃၅၀၀၊ ပြန်တမ်းဝင်အရာရှိမဟုတ်သူတွေက ဒေါ်လာ ၃၀၀၀ နဲ့ သာမန်အဆင့်တွေက ဒေါ်လာ ၂၈၀၀ ရရှိပါ တယ်။
မြောက်ကိုရီးယားနိုင်ငံဟာ ရုရှားသို့ တပ်ဖွဲ့ဝင် ၁၅၀၀၀ ခန့် စေလွှတ်ခဲ့တယ်လို့ တောင်ကိုရီး ယား အမျိုးသားထောက်လှမ်းရေးဌာန (NIS) က ခန့်မှန်းခဲ့ပါတယ်။
ရုရှားသို့ စေလွှတ်ထားတဲ့ မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ၂ ရာခိုင်နှုန်းဟာ တပ်မှုးအဆင့်၊ ၈ ရာခိုင် နှုန်းက နည်းပညာကျွမ်းကျင်သူတွေ၊ ၁၀ ရာခိုင်နှုန်းက ပြန်တမ်းဝင်အရာရှိမဟုတ်သူတွေနဲ့ ၈၀ ရာခိုင် နှုန်းက သာမန်အဆင့်တွေလို့ မြောက်ကိုရီးယား သတင်းရင်းမြစ်က ဆိုပါတယ်။
အဆိုပါတွက်ချက်မှုတွေကို အခြေခံပြီး ရုရှားသို့ တပ်ဖွဲ့တွေ စေလွှတ်မှုကြောင့် မြောက်ကိုရီးယား နိုင်ငံရဲ့ လစဉ်ဝင်ငွေဟာ ဒေါ်လာ ၄၃ ဒ သမ ၈ သန်းအထိရှိပါတယ်။
တပ်မှူးအဆင့် ၃၀၀ က ဒေါ်လာ ၁ ဒသမ ၅ သန်း၊ နည်းပညာကျွမ်းကျင်သူ ၁၂၀၀ က ဒေါ်လာ ၄ ဒသမ ၂ သန်း၊ ပြန်တမ်းဝင်အရာရှိမဟုတ်သူ ၁၅၀၀ က ဒေါ်လာ ၄ ဒသမ ၅ သန်းနဲ့ သာမန်အဆင့် ၁၂၀၀၀ က ဒေါ်လာ ၃၃ ဒသမ ၆ သန်း ရရှိပါတယ်။
ကိုးကား – Daily NK
Ref; Troop deployment to Russia earns N. Korea $525 million annually
#Ayeyarwaddy_Times