ဧရာဝတီတိုင်းမ်
ဇွန် ၁၃ ရက်

တရုတ်လေယာဉ်တင်သင်္ဘောနှစ်စင်းကို ပထမဆုံးအကြိမ်အဖြစ် ပစိဖိတ်ဒေသမှာ တစ်ပြိုင်နက် တည်း မြင်တွေ့ရပြီးနောက် ပြီးခဲ့တဲ့စနေနဲ့ တနင်္ဂနွေနေ့မှာ တရုတ်ဂျက်တိုက်လေယာဉ်တွေဟာ ဂျပန် ကင်းလှည့်လေယာဉ်တွေအနီး ကပ်လျက် ပျံသန်းခဲ့တယ်လို့ ဂျပန်က ပြောပါတယ်။

“ဖြစ်စဉ်နဲ့ပတ်သက်လို့ စိုးရိမ်ကြောင်းနဲ့ အလားတူမဖြစ်ရအောင် တားဆီးဖို့ တရုတ်နိုင်ငံဘက် ကို ကျွန်တော်တို့ ပြောကြားခဲ့ပါတယ်” လို့ ဂျပန်အစိုးရ ထိပ်တန်းပြောရေးဆိုခွင့်ရှိသူ ယိုရှီမာဆာဟာ ယာရှီက ပြောပါတယ်။

စနေနေ့က တရုတ်လေယာဉ်တင်သင်္ဘော ရှန်တုံမှ J-15 ဂျက်တိုက်လေယာဉ်တစ်စင်းဟာ ဂျပန် ရဲ့ P-3C ကင်းလှည့်လေယာဉ်ကို မိနစ် ၄၀ ကြာ ကပ်လျက် ပျံသန်းခဲ့တယ်လို့ ဂျပန် ကာကွယ်ရေးဝန် ကြီးဌာနက ပြောပါတယ်။

တနင်္ဂနွေနေ့မှာ တရုတ်ရဲ့ J-15 ဂျက်တိုက်လေယာဉ်တစ်စင်းဟာ ဂျပန် ရဲ့ P-3C ကင်းလှည့်လေ ယာဉ်ကို ကပ်လိုက်ကာ ဂျပန်လေယာဉ်ရဲ့ရှေ့မှ မီတာ ၉၀၀ အကွာမှ ဖြတ်သန်းခဲ့တယ်လို့ ဂျပန် ကာ ကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

အိုကီနာဝါကျွန်းအခြေစိုက် ဂျပန်ရေတပ်ဖွဲ့ပိုင် P-3C ကင်းလှည့်လေယာဉ်တွေဟာ ပစိဖိတ် သမုဒ္ဒရာ၊ နိုင်ငံတကာရေပိုင်နက်အတွင်း ကင်းလှည့်မှုတွေ ပြုလုပ်ခဲ့တာလို့ အဆိုပါဝန်ကြီးဌာနက ဆက် ပြောပါတယ်။

“တရုတ်စစ်လေယာဉ်တွေရဲ့ အခုလိုမျိုး မူမမှန်တဲ့ချည်းကပ်မှုတွေက မတော်တဆမှုတွေ ဖြစ်စေ နိုင်ပါတယ်။ ဂျပန်လေယာဉ်တွေနဲ့ အမှုထမ်းတွေ ထိခိုက်တာမျိုး မရှိခဲ့ပါဘူး” လို့ ယင်းဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

ဂျပန်နိုင်ငံက တရုတ်နဲ့ အဆင့်အသီးသီးမှာ ဆက်သွယ်မှု ဆက်လက်ထားရှိကာ လေပိုင်နက် စောင့်ကြည့်မှု လုပ်ဆောင်မယ်လို့ ဟာယာရှီက ပြောပါတယ်။

ဒီသီတင်းပတ်အစောပိုင်းမှာ တရုတ်လေယာဉ်တင်သင်္ဘောတွေဟာ ပစိဖိတ်ဒေသမှာ တစ်ပြိုင် နက်တည်း စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

အဆိုပါစစ်ဆင်ရေးဟာ ပုံမှန်လုပ်ရိုးလုပ်စဉ် လေ့ကျင့်မှုသာဖြစ်ပြီး မည်သည့်တိုင်းပြည်ကိုမှ မ ရည်ရွယ်ခဲ့ဘူးလို့ တရုတ်နိုင်ငံက ပြောပါတယ်။

ကိုးကား – Reuters
Ref; Chinese fighters flew close to Japanese patrol planes, Tokyo expresses concern

#Ayeyarwaddy_Times