
ဧရာဝတီတိုင်းမ်
ဇွန် ၁၂ ရက်
လူ ၂၄၂ ဦး တင်ဆောင်လာတဲ့ Air India လေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်တစ်စင်း အိန္ဒိယနိုင်ငံအနောက်ပိုင်း၊ အာမက်ဒါဘတ်မြို့မှာ ပျက်ကျခဲ့တယ်လို့ သိရပါတယ်။
“အာမက်ဒါဘတ်မြို့မှ လန်ဒန်သို့ ပျံသန်းနေတဲ့ လေယာဉ်အမှတ် AI171 ဟာ ပျံတက်ပြီးနောက် ပျက်ကျခဲ့ပါတယ်” လို့ Air India လေကြောင်းလိုင်းက ပြောပါတယ်။
ဘိုအင်း ၇၈၇-၈ လေယာဉ်ပေါ်မှာ ခရီးသည်နဲ့ အမှုထမ်း ၂၄၂ ဉီး ပါရှိခဲ့တယ်လို့ Air India လေ ကြောင်းလိုင်းက အတည်ပြုခဲ့ပါတယ်။
ခရီးသည်တွေထဲမှာ အိန္ဒိယနိုင်ငံသား ၁၆၉ ဉီး၊ ဗြိတိန်နိုင်ငံသား ၅၃ ဉီး၊ ပေါ်တူဂီနိုင်ငံသား ၇ ဉီး နဲ့ ကနေဒါနိုင်ငံသားတစ်ဉီး ပါရှိကာ ဒဏ်ရာရရှိသူတွေကို အနီးဆုံးဆေးရုံတွေသို့ ပို့ဆောင်ခဲ့ပါတယ်။
အဆိုပါ ခရီးသည်တင်လေယာဉ်ဟာ နေ့လည် ၁ နာရီ ၃၈ မိနစ်မှာ အာမက်ဒါဘတ်မြို့မှ ထွက် ခွာခဲ့တာလို့ Air India လေကြောင်းလိုင်းက ဆိုပါတယ်။
လူနေဧရိယာတစ်ခုအနီး လေယာဉ်ပျက်ကျရာနေရာမှ မီးခိုးမည်းတွေ ထွက်လာနေတာကို ဒေ သန္တရမီဒီယာတွေရဲ့ ရုပ်သံဖိုင်တွေမှာ မြင်တွေ့ရပါတယ်။
ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေတဲ့ အာဏာပိုင်တွေနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်နေပြီး အ သေးစိတ်ကို ဝဘ်ဆိုဒ်မှာ ဖော်ပြမယ်လို့ Air India လေကြောင်းလိုင်းက ပြောပါတယ်။
ကိုးကား – NHK
Ref; Air India: Flight AI171 was carrying 242 people
#Ayeyarwaddy_Times