ဧရာဝတီတိုင်းမ်
ဇွန် ၁၁ ရက်

ဆယ်စုနှစ်တစ်ခုကျော်ကာလအတွင်း မလေးရှားနိုင်ငံရဲ့ လူအသေအပျောက်အများဆုံး ယာဉ်မ တော်တဆမှုအဖြစ် ဇွန်လ ၉ ရက်က တက္ကသိုလ်ကျောင်းသားတွေကို တင်ဆောင်လာတဲ့ ဘတ်စ်ကား တစ်စင်းက မီနီဗင်တစ်စီးနဲ့ တိုက်မိပြီး တိမ်းမှောက်ခဲ့ရာ ကျောင်းသား ၁၅ ဦး သေဆုံးခဲ့ပါတယ်။

မလေးရှားနိုင်ငံမြောက်ပိုင်း ပီရက်ခ်ပြည်နယ်ရှိ အဝေးပြေးလမ်းမကြီးတစ်ခုမှာ ဘတ်စ်ကားက မီ နီဗင်ကားကို တိုက်မိချိန်မှာ ယာဉ်ပေါ် ခရီးသည် ၄၄ ဉီး တင်ဆောင်ထားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါ တယ်။

ကျောင်းသားတွေက တက္ကသိုလ်သို့ ပြန်လည်သွားရောက်ချိန်မှာ အခုလို ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
ယာဉ်မတော်တဆမှုမှာ လူ ၁၅ ဉီး သေဆုံးတဲ့အပြင် ဘတ်စ်ကားယာဉ်မောင်းအပြင် မီနီဗင်ကား ပေါ်ပါသူအချို့ အပါအဝင် လူ ၃၃ ဉီး ဒဏ်ရာရှိခဲ့ပါတယ်။

ဘတ်စ်ကားက အရှိန်မထိန်းနိုင်ဘဲ မီနီဗင်ကားကို တိုက်မိပြီး တိမ်းမှောက်ခဲ့တာလို့ ရဲတပ်ဖွဲ့က သံသယရှိနေပြီး ယာဉ်မတော်တဆမှု ဖြစ်ပွားရတဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပါတယ်။

သေဆုံးသူ ကျောင်းသားတွေရဲ့မိသားစုတွေကို လိုအပ်တဲ့အကူအညီတွေပေးဖို့ ဝန်ကြီးချုပ် အန် ဝါအီဘရာဟင်က ပညာရေးဝန်ကြီးဌာနကို ညွှန်ကြားခဲ့ပါတယ်။

ကိုးကား – NHK
Ref; 15 university students killed in Malaysia bus crash

#Ayeyarwaddy_Times