ဒီးမော့မြို့နယ်ရှိ KNDF လှုပ်ရှားရာနယ်မြေအားလာရောက် သတင်းထောက်လှမ်းသော စစ်သားတစ်ဦးအား ဖမ်းဆီးရမိ

ဧရာဝတီတိုင်းမ်

သြဂုတ်လ ၂၈ ရက်

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့မြို့နယ်ရှိ KNDF လှုပ်ရှားရာနယ်မြေအား သြဂုတ်လ ၂၇ ရက်နေ့တွင်လာရောက် သတင်းထောက်လှမ်းသော စစ်သားတစ်ဦးအား ဖမ်းဆီးရမိကြောင်း KNDF တပ်ရင်း(၂) က သတင်းထုတ်ပြန်ထားသည်။

၎င်းမှာ အရပ်သားဟန်ဆောင်ကာ KNDF လှုပ်ရှားရာနယ်မြေအား လာရောက်စုံစမ်းသော တပ်မ၆၆ လက်အောက်ခံ ခလရ ၁ မှ ရဲဘော်တစ်ဦးအား KNDFတပ်ရင်း၂တပ်ခွဲ၂၊1008တပ်ရင်း၊LKPDFတို့မှ ပူးပေါင်းကာ နယ်မြေရှင်းလင်းရင်း ဖမ်းဆီးမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းအား စစ်ဆေးမေးမြန်းစဥ် ဝန်ခံသဖြင့် ပြစ်မှုထင်ရှားသောကြောင့် KSPထံသို့ လွှဲပြောင်းပေးခဲ့ကြောင်း KNDF B02 က သတင်ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – KNDF/B-02

#Ayeyarwaddy_Times