ဗြိတိန်က ယူကရိန်းသို့ ပေါင် ၅၄ သန်းတန်ကြေးရှိ ဒရုန်း ၂၀၀၀ နဲ့ တင့်ဖျက်လက်နက်တွေ ထောက်ပံ့မယ်

ဧရာဝတီတိုင်းမ်

သြဂုတ်လ ၂၈ ရက်

ဗြိတိန်က ယူကရိန်းသို့ ပေါင် ၅၄ သန်းတန်ကြေးရှိ ထပ်တိုး စစ်ရေးအကူအညီ ပေးအပ်မယ်လို့ ကိယက်ဗ် မြို့တော်သို့ ရုတ်တရက် သွားရောက်ခဲ့တဲ့ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပြောပါတယ်။

ဘောရစ်ဂျွန်ဆင်က ယူကရိန်းနိုင်ငံ ၃၁ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားနဲ့ ရုရှားကျူးကျော်စစ် ခြောက်လပြည့် နှစ်ပတ်လည်နေ့မှာ သမ္မတ ဇီလန်စကီးနဲ့ ကိယက်ဗ်မြို့တော်မှာ တွေ့ဆုံခဲ့ပါတယ်။

လာမယ့်လမှာ ရာထူးမှနှုတ်ထွက်ရမယ့် ဘောရစ်ဂျွန်ဆင်က ယူကရိန်းသို့သွားရောက်တဲ့ တတိယမြောက် ခရီးစဉ်အတွင်း ပေါင် ၅၄ သန်းတန်ကြေးရှိ စစ်ရေးအကူအညီသစ်ကို ကြေညာခဲ့ပါတယ်။

ဗြိတိန်က ယူကရိန်းသို့ပေးအပ်မယ့် စစ်ရေးအကူအညီထဲမှာ မောင်းသူမဲ့လေယာဉ် အစင်း ၂၀၀၀ နဲ့ ယူက ရိန်းလက်နက်ကိုင်တပ်ဖွဲ့က တောင်းဆိုထားတဲ့ တင့်ဖျက်လက်နက်တွေ ပါဝင်ပါတယ်။

ယခုပေးအပ်တဲ့ စစ်ရေးအကူအညီကြောင့် ယူကရိန်းတပ်ဖွဲ့က ရုရှားတပ်ဖွဲ့တွေကို တွန်းလှန်တိုက်ခိုက်ရာ မှာ များစွာ အထောက်အကူပြုမှာဖြစ်ပါတယ်လို့ ဘောရစ်ဂျွန်ဆင်က ပြောပါတယ်။

ခေါင်းဆောင်နှစ်ဦးက ယခုနှစ်ဆောင်းရာသီမှာ ယူကရိန်းနိုင်ငံ ကြုံတွေ့နိုင်မယ့် စိန်ခေါ်မှုတွေကို ဆွေး နွေးခဲ့ပြီး စက်တင်ဘာလ ၆ ရက်မှာ ရာထူးမှမနှုတ်ထွက်မီ ဗြိတိန်နိုင်ငံက ဆက်လက်ပံ့ပိုးမယ့် အစီအစဉ်ကို ကတိ ပြုခဲ့ပါတယ်။

ကိုးကား – Politico

Ref; Boris Johnson unveils extra £54M in military aid for Ukraine in surprise Kyiv trip