
(အကြမ်းဖက်သမားတွေနဲ့ မဆွေးနွေးဘူးလို့ ပူတင် ဆို)
ဧရာဝတီတိုင်းမ်
ဇွန် ၆ ရက်
အပစ်အခတ်ရပ်စဲရေး သို့မဟုတ် ထိပ်သီးဆွေးနွေးပွဲကျင်းပဖို့ ယူကရိန်းနိုင်ငံရဲ့ အဆိုပြုချက်ကို ရုရှားသမ္မတ ဗလာဒီမာပူတင်က ပယ်ချခဲ့ပြီး အကြမ်းဖက်သမားတွေနဲ့ မဆွေးနွေးဘူးလို့ ပြောပါတယ်။
ယူကရိန်း တာဝန်ရှိသူတွေနဲ့ တိုက်ရိုက်ဆွေးနွေးဖို့ ဒီသီတင်းပတ်အစောပိုင်းက အီစတန်ဘူလ် မြို့မှာ ရုရှားကိုယ်စားလှယ်အဖွဲ့ကို ဉီးဆောင်ခဲ့တဲ့ ဗလာဒီမာမီဒင်စကီးဟာ ယမန်နေ့က ပူတင်ကို အွန် လိုင်းမှတစ်ဆင့် ရှင်းလင်းတင်ပြခဲ့ပါတယ်။
ပူတင်နဲ့ ယူကရိန်းသမ္မတ ဇီလန်စကီးကြား ထိပ်သီးဆွေးနွေးမှုကျင်းပရေး ကြိုတင်ပြင်ဆင်ဖို့ ရက် ၃၀ သို့မဟုတ် ရက် ၆၀ ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲဖို့ ယူကရိန်းနိုင်ငံက အဆိုပြုခဲ့တယ်လို့ မီဒင် စကီးက ပြောပါတယ်။
မကြာသေးမီရက်ပိုင်းအတွင်း ရုရှားနိုင်ငံအနောက်ပိုင်း Bryansk နဲ့ Kursk ဒေသရှိ တံတားနှစ် စင်းကို ဗုံးခွဲမှုကြောင့် လူ (၇) ဉီး သေဆုံးကာ အခြားသူတွေ ဒဏ်ရာရရှိတာဟာ အကြမ်းဖက်တိုက်ခိုက်မှု လို့ ပူတင်က ပြောပါတယ်။
အပစ်အခတ်ရပ်စဲမှုကြောင့် ယူကရိန်းနိုင်ငံက အနောက်နိုင်ငံထုတ် စစ်လက်နက်တွေနဲ့ အခြား အကြမ်းဖက်မှုတွေလုပ်ဆောင်ရေး ပြင်ဆင်ခွင့်ရသွားမယ်လို့ ၎င်းက ဆက်ပြောပါတယ်။
ပူတင်ဟာ ယခင်က ဇီလန်စကီးကို သက်တမ်းကုန်ဆုံးသွားတဲ့ တရားမဝင် သမ္မတတစ်ဉီးဟုဆို ကာ ဆွေးနွေးဘက်တစ်ဉီးအဖြစ် ပယ်ချခဲ့ပါတယ်။ ယူကရိန်းနိုင်ငံက ထိုးစစ်ဆင်မှု အရှိန်မြှင့်လာတာ ကြောင့် ပူတင်က သဘောထားတင်းမာတဲ့ ရပ်တည်ချက်ရှိခဲ့ပါတယ်။
ပူတင်ဟာ ပုပ်ရဟန်းမင်းကြီး လီယို ၁၄ နဲ့ ဖုန်းနဲ့ စကားပြောဆိုခဲ့တယ်လို့ ရုရှားသမ္မတရုံးက ဇွန်လ ၄ ရက်မှာ ကြေညာခဲ့ပါတယ်။
နိုင်ငံရေးနဲ့ သံတမန်နည်းလမ်းတွေမှတစ်ဆင့် ယူကရိန်းမှာ ငြိမ်းချမ်းရေးရရှိဖို့ ရည်ရွယ်တယ်လို့ ပုပ်ရဟန်းမင်းကြီးနဲ့ ပထမဆုံးအကြိမ် ဖုန်းပြောဆိုမှုမှာ ပူတင်က ထပ်လောင်းအတည်ပြုခဲ့ပြီး တရားမျှ တတဲ့ ဘက်စုံပါဝင်သော အဖြေတစ်ခုရရှိဖို့ ပဋိပက္ခဖြစ်ပွားရတဲ့ အကြောင်းရင်းကို ဖြေရှင်းရမယ်လို့ ဆို ပါတယ်။
ယူကရိန်းပဋိပက္ခဖြေရှင်းရာမှာ ကူညီဖို့ အဆင်သင့်ဖြစ်မှုကြောင့် ပုပ်ရဟန်းမင်းကြီးကို ကျေးဇူး တင်ရှိတယ်လို့လည်း ပူတင်က ပြောပါတယ်။
ကိုးကား – NHK
Ref; Putin rejects peace talks with Ukraine, saying ‘no negotiations with terrorists’
#Ayeyarwaddy_Times