
ဧရာဝတီတိုင်းမ်
ဇွန် ၆ ရက်
ရုရှားက ဘောလ်တစ်ဒေသကို တိုက်ခိုက်လာရင် စိစိညက်ကြေတဲ့အထိ လက်တုံ့ပြန်မယ်လို့ နေ တိုးအဖွဲ့ အတွင်းရေးမှူးချုပ် မတ်ခ်ရုတေးက သတိပေးခဲ့ပြီး နေတိုးအဖွဲ့ရဲ့ ပိုင်နက်နယ်မြေ တစ်လက်မ တိုင်းကို ကာကွယ်မယ့် ကတိကဝတ်ကို ထပ်လောင်းအတည်ပြုလိုက်ပါတယ်။
“ရုရှားက နေတိုးအဖွဲ့ဝင်ကို တိုက်ခိုက်လာရင် စိစိညက်ကြေတဲ့အထိ လက်တုံ့ပြန်မှုခံရမယ်ဆို တာ ဗလာဒီမာပူတင် သိသင့်ပါတယ်။ ဒါကိုလည်း သူ သိပါတယ်” လို့ ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဘရပ်ဆဲမြို့ မှာကျင်းပတဲ့ နေတိုးအဖွဲ့ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးမတိုင်မီ သတင်းစာရှင်းလင်းပွဲမှာ ၎င်း က ပြောကြားခဲ့ပါတယ်။
ကာကွယ်ရေး အသုံးစရိတ်မှာ မရှိမဖြစ်လိုအပ်ပြီး နေတိုးအဖွဲ့ဝင်အများစုဟာ ဒီနှစ်မှာ GDP ရဲ့ ၂ ရာခိုင်နှုန်းအထိ ကာကွယ်ရေးဘတ်ဂျက် သုံးစွဲမယ့်လမ်းကြောင်းပေါ် ရောက်နေပြီလို့ သူက ဆိုပါတယ်။
ဥရောပတိုက်မှ အမေရိကန်တပ်ဖွဲ့တွေ ရုတ်သိမ်းမှုနဲ့ပတ်သက်တဲ့ ထင်မြင်ယူဆချက်တွေကို ၎င်း က ပယ်ချခဲ့ပြီး အမေရိကန်ရဲ့ ရပ်တည်ချက်ကို မေးခွန်းထုတ်တာရပ်တန့်ဖို့ မဟာမိတ်တွေကို တိုက်တွန်း ခဲ့ပါတယ်။
“လက်ရှိမှာ အမေရိကန်တပ်ဖွဲ့တွေ ဉရောပတိုက်ကနေ ရုတ်သိမ်းမယ့် အစီအစဉ်တွေ မရှိပါဘူး။ အမေရိကန်နိုင်ငံက နေတိုးအဖွဲ့ကို ကာကွယ်ပေးဖို့ သံန္နိဌာန်ချထားပါတယ်။ နေတိုးအဖွဲ့ဝင်တွေနဲ့ ကနေ ဒါက ကာကွယ်ရေးဘတ်ဂျက် ပိုမို သုံးစွဲဖို့ အမေရိကန်နိုင်ငံက မျှော်လင့်ပါတယ်” လို့ သူက ဆက်ပြောပါ တယ်။
ဇွန်လ ၂၄ ရက်မှ ၂၆ ရက်အထိ သည်ဟိဂ်မြို့မှာကျင်းပမယ့် နေတိုးအဖွဲ့ ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ဖို့ ယူကရိန်းနိုင်ငံကို ဖိတ်ကြားထားတယ်လို့ ၎င်းက အတည်ပြုခဲ့ပါတယ်။
“ဒီလကုန် နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့မှာကျင်းပမယ့် နေတိုးထိပ်သီးဆွေးနွေးပွဲမှာ တက် ရောက်ဖို့ ယူကရိန်းကို ဖိတ်ကြားထားပါတယ်” လို့ သူက ပြောပါတယ်။
ကိုးကား – Anadolu
Ref; NATO chief warns of ‘devastating’ response against any Russian attack in Baltic region
#Ayeyarwaddy_Times