ဧရာဝတီတိုင်းမ်
ဇွန် ၆ ရက်

တော်ဝင်ထိုင်းလေတပ်ဖွဲ့ဟာ လာမယ့် (၁၀) နှစ်အတွင်း ဆွီဒင်နိုင်ငံရဲ့ Saab ကုမ္ပဏီမှ တည် ဆောက်တဲ့ Gripen JAS 39 ဂျက်လေယာဉ် ၁၂ စင်း ဝယ်ယူဖို့ စီစဉ်နေတယ်လို့ လေတပ်ဖွဲ့အကြီးအကဲ ပတ်တာနာကူလ်က ပြောပါတယ်။

ကနဉီးဝယ်ယူမှု အစီအစဉ်အဖြစ် ဒေါ်လာ ၅၉၆ သန်းနဲ့ညီမျှတဲ့ ဘတ် ၁၉ ဒသမ ၅ ဘီလီယံ တန် ကြေးရှိ Gripen JAS 39 ဂျက်လေယာဉ် ၄ စင်း ဝယ်ယူမယ့် သဘောတူညီချက်တစ်ရပ်ကို ဩဂုတ်လအ တွင်း လက်မှတ်ရေးထိုးမယ်လို့ ထိုင်းလေတပ်ဖွဲ့က အစောပိုင်းမှာ ကြေညာခဲ့ပါတယ်။

သဘောတူညီချက်က ထိုင်းအစိုးရကို ပိုပြီး အကျိုးဖြစ်စေတာကြောင့် အမေရိကန်လုပ် F-16 ဂျက်တိုက်လေယာဉ်ထက် ဆွီဒင်ထုတ် Gripen ဂျက်တိုက်လေယာဉ်ကို ရွေးချယ်ဖို့ ထိုင်းလေတပ်ဖွဲ့က ဆုံးဖြတ်ခဲ့တာလို့ ပတ်တာနာကူလ်က ဇန်နဝါရီလအတွင်း ပြောကြားခဲ့ပါတယ်။

ဖေဖော်ဝါရီလအတွင်း တောင်ပိုင်းနယ်စပ် ဆောင်ခလာပြည်နယ်ရှိ လမ်းမကြီးတစ်ခုကို Gripen ဂျက်တိုက်လေယာဉ်တစ်စင်း ဆင်းသက်နိုင်မယ့် ကွင်းတစ်ခုအဖြစ် ပြောင်းလဲခဲ့ရာ အရေးပေါ် အခြေအ နေအတွက် ပထမဆုံး လေ့ကျင့်မှု ဖြစ်လာစေပါတယ်။

အမေရိကန်နိုင်ငံနဲ့ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်မှု သမိုင်းကြောင်းရှိခဲ့ပြီး ၂၀၂၃ ခုနှစ်အတွင်း အမေရိကန်ရဲ့ အရေးပါသော နေတိုးအဖွဲ့ဝင်မဟုတ်တဲ့ မဟာမိတ်အဖြစ် သတ်မှတ်ခံရတဲ့ ထိုင်းနိုင်ငံဟာ ကနဉီးမှာ လော့ဟိမာတင်ကုမ္ပဏီထုတ် F-35 ကိုယ်ပျောက်ဂျက်တိုက်လေယာဉ် (၈) စင်း ဝယ်ယူဖို့ ကြိုး ပမ်းခဲ့ပါတယ်။

ပြုပြင်ထိန်းသိမ်းရေး အပါအဝင် လေ့ကျင့်ရေးနဲ့ နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်တွေရှိနေ တယ်ဆိုတဲ့ ထိုင်းနိုင်ငံရဲ့ ပြောကြားချက်ကြောင့် အမေရိကန်နိုင်ငံက F-35 ကိုယ်ပျောက်ဂျက်တိုက်လေ ယာဉ်တွေ ရောင်းချဖို့ ငြင်းဆန်ခဲ့ပါတယ်။

F-35 ကိုယ်ပျောက်ဂျက်တိုက်လေယာဉ်ကို ဩစတြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ စင်ကာပူ အပါအဝင် အာရှ-ပစိဖိတ်ဒေသရှိ အမေရိကန်နိုင်ငံရဲ့ အနီးကပ်ဆုံး မဟာမိတ်တွေကို ရောင်းချတဲ့ ထိရှ လွယ်သော ပို့ကုန်တစ်မျိုးလို့ သတ်မှတ်ထားပါတယ်။

ကိုးကား – Bangkok Post
Ref; Thai air force plans to acquire 12 Gripen jets

#Ayeyarwaddy_Times