(မြန်မာမှာ အပစ်ရပ်တာ သက်တမ်းတိုးဖို့ အာဆီယံခေါင်းဆောင်တွေ တောင်းဆို)

ဧရာဝတီတိုင်းမ်
မေ ၂၈ ရက်

မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ အရှိန်မြှင့်လာတာနဲ့ မြေငလျင်ဘေးကြောင့် လူသားချင်းစာနာမှု အ ခြေအနေ ပိုဆိုးရွားလာတဲ့အပေါ် အလွန်အမင်း စိုးရိမ်တယ်လို့ အာဆီယံခေါင်းဆောင်တွေက ထုတ်ပြန် ချက်တစ်ခုအတွင်း ပြောပါတယ်။

လက်ရှိပဋိပက္ခအတွက် ငြိမ်းချမ်းသော၊ တာရှည်ခံသော အဖြေရှာရာမှာ မြန်မာနိုင်ငံကို ကူညီဖို့ သံန္နိဌာန်ချထားပြီး မြန်မာ့နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းရာမှာ ဘုံသဘောတူညီချက် (၅) ရပ်က အဓိ က အကိုးအကားအဖြစ် ဆက်ရှိနေမယ်လို့ အာဆီယံခေါင်းဆောင်တွေက ဆိုပါတယ်။

အရပ်သားတွေနဲ့ အရပ်ဘက်အဆောက်အအုံတွေကို အကြမ်းဖက်တာ ချက်ချင်း ရပ်တန့်ဖို့ အာ ဆီယံခေါင်းဆောင်တွေက အဖွဲ့အစည်းအားလုံးကို တိုက်တွန်းခဲ့ပြီး အကြမ်းဖက်မှုတွေကို ရှုတ်ချဖို့၊ စိတ် ရှည်သည်းခံမှု ကျင့်သုံးဖို့နဲ့ အရပ်သားတွေအားလုံးကို ကာကွယ်ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။

မြန်မာစစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ယာယီ အပစ်အခတ်ရပ်စဲရေးတေံ ကြေညာတာကို အသိအမှတ်ပြုပါကြောင်း၊ လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်သူတွေထံ ပေး အပ်နိုင်ရေးနဲ့ ဘုံသဘောတူညီချက်နဲ့အညီ တွေ့ဆုံဆွေးနွေးမှု ကျင်းပနိုင်ရေး အကြမ်းဖက်မှုတွေ ရပ် ဆိုင်းမယ့် ကနဉီးခြေလှမ်းအဖြစ် အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးဖို့ အာဆီယံခေါင်းဆောင်တွေ က တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံရှိ သက်ဆိုင်သူတွေရဲ့ အကူအညီနဲ့ အာဆီယံအဖွဲ့ရဲ့ စည်းမျဉ်းတွေကို အခြေခံပြီး ခွဲ ခြားဆက်ဆံမှုမရှိဘဲ ပွင့်လင်းမြင်သာစွာနဲ့ လူသားချင်းစာနာမှု အကူအညီတွေ ဘေးကင်းစွာ ပေးအပ်နိုင် ဖို့ အာဆီယံခေါင်းဆောင်တွေက အဖွဲ့အစည်းအားလုံးကို တိုက်တွန်းခဲ့ပါတယ်။

မြန်မာပြည်သူတွေဉီးဆောင်တဲ့ မြန်မာ့အရေး တာရှည်ခံသော အဖြေတစ်ခုရရှိနိုင်ရေး ရည်ရွယ် ချက်နဲ့အတူ အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှု ကျင်းပနိုင်ဖို့ မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအားလုံးက ယုံကြည်မှုတည်ဆောက်ဖို့ အာဆီယံခေါင်းဆောင်တွေက အားပေးခဲ့ပါတယ်။

ဘုံသဘောတူညီချက် (၅) ရပ် ဖော်ဆောင်ရာမှာ နိုင်ငံတကာအသိုင်းအဝိုင်း အထူးသဖြင့် ကုလ သမဂ္ဂက အာဆီယံအား ဆက်လက် ပံ့ပိုးကူညီမှုကို အာဆီယံခေါင်းဆောင်တွေက အသိအမှတ်ပြုခဲ့ပါ တယ်။

မူးယစ်မှောင်ခိုမှု၊ လူကုန်ကူးမှုနဲ့ ကျားဖြန့်တွေလိုမျိုး နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေ တိုးလာ တာအပါအဝင် အာဆီယံအဖွဲ့ရဲ့ မြန်မာပဋိပက္ခဖြေရှင်းဖို့ ကြိုးပမ်းရာမှာ အာဆီယံအဖွဲ့ဝင်တွေ၊ ပြင်ပ မိတ်ဖက်တွေနဲ့ မြန်မာ့အိမ်နီးချင်းတွေကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ အာဆီယံခေါင်းဆောင်တွေ က ကတိပြုခဲ့ပါတယ်။

ကိုးကား – Bernama
Ref; ASEAN LEADERS’ STATEMENT ON AN EXTENDED AND EXPANDED CEASEFIRE IN MYANMAR

#Ayeyarwaddy_Times