ဧရာဝတီတိုင်းမ်
မေ ၂၈ ရက်

ထိုင်းနိုင်ငံတွင် လာမည့် ဇွန်လ ၁ ရက်နေ့မှစ၍ ဆိုင်ကယ်မောင်းနှင်သူများနှင့် နောက်မှ လိုက်ပါစီးနင်းသူများအားလုံး ဦးထုပ်မဆောင်းပါက ဘတ် ၂,၀၀၀ အထိဒဏ်ကြေးချမှတ်ခံရမည် ဖြစ်ကြောင်း ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ (RTP) က ကြေညာခဲ့သည်။

ထိုသို့လုပ်ဆောင်ခြင်းသည် လမ်းအန္တရာယ်ကင်းရှင်းရေး မြှင့်တင်ရန်နှင့် နိုင်ငံတစ်ဝန်း ယာဉ်စည်းကမ်း ထိန်းသိမ်းမှု ပိုမိုတင်းကျပ်ရန်အတွက် တစ်စိတ်တစ်ပိုင်းပါဝင်ကြောင်း RTP ၏ ယာဉ်ထိန်းရဲပုံရိပ် မြှင့်တင်ရေး အဖွဲ့ခေါင်းဆောင် ရဲမှူးချုပ် Nithithorn Chintakanon က ပြောကြားခဲ့သည်။

ဒဏ်ရာရရှိမှုများမှ ကာကွယ်ရန်အတွက် မောင်းနှင်သူသာမက နောက်လိုက်ပါသူပါ ဦးထုပ်ဆောင်းရန် လိုအပ်ပြီး လိုက်နာခြင်းမရှိပါက ဘတ် ၂,၀၀၀ အထိ ဒဏ်ငွေဆောင်ရမည်ဖြစ်ကြောင်း ကြောင်း ရဲမှူးချုပ်က ဆက်လက်ပြောကြားထားသည်။

ထို့ပြင် မောင်းနှင်သူ နှင့် နောက်လိုက်ပါသူ နှစ်ဦး စလုံး ဦးထုပ်ဆောင်းထားခြင်းမရှိပါက ဒဏ်ငွေ၏ နှစ်ဆ တိုးမြှင့် ချမှတ်ခံရမည်ဖြစ်ကြောင်း သိရသည်။

ကိုးကား – The Nation

#ထိုင်းနိုင်ငံ #ဇွန်လ၁ရက် #ဆိုင်ကယ်စီးဦးထုပ်မဆောင်း #ဘတ်၂၀၀၀ #Ayeyarwaddy_Times