ဧရာဝတီတိုင်းမ်
မေ ၂၈ ရက်

မကြာသေးမီက ရိုဟင်ဂျာ ၄၀၀ ကျော် ဘေးလွတ်ရာသွားရောက်ဖို့ ပင်လယ်ပြင်ကိုဖြတ်သန်း ရင်း သေဆုံးခဲ့တဲ့ သတင်းတွေနဲ့ပတ်သက်လို့ အလွန်အမင်း စိုးရိမ်တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ အေဂျင်စီ (UNHCR) က ပြောပါတယ်။

မြန်မာနိုင်ငံမှာ နှိပ်ကွပ်ခံရမှုကြောင့် ထွက်ပြေးကြတဲ့ ရိုဟင်ဂျာတွေကို နိုင်ငံတကာက ပိုမို ကူညီ ကြဖို့ UNHCR က တောင်းဆိုလိုက်ပါတယ်။

ဒီလအတွင်း ရိုဟင်ဂျာဒုက္ခသည် ၅၀၀ ကျော် တင်ဆောင်လာတဲ့ လှေနှစ်စင်း နစ်မြုပ်ခဲ့ သို့မ ဟုတ် တိမ်းမှောက်ခဲ့တယ်ဆိုတဲ့သတင်းတွေကို UNHCR က အခုလို တုံ့ပြန်ခဲ့တာပါ။

အဆိုပါဖြစ်စဉ်မှာ ရိုဟင်ဂျာဒုက္ခသည် ၄၂၇ ဉီး သေဆုံးခဲ့ပြီး ၈၇ ဉီး အသက်ရှင်ခဲ့ကာ မူဆလင် လူနည်းစုတွေရဲ့ ယခုနှစ်အတွင်း အဆိုးရွားဆုံး အဖြစ်ဆိုးဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်အတွင်း စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ရိုဟင်ဂျာ ၇၀၀၀၀၀ ကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ပါတယ်။

ရိုဟင်ဂျာဒုက္ခသည်အများစုက ဒုက္ခသည်စခန်းတွေမှာ နေထိုင်ပေမယ့် အများအပြားဟာ ပင် လယ်ပြင်ကိုဖြတ်ကျော်၍ အသက်စွန့်ပြီး အခြားတိုင်းပြည်သို့ သွားရောက်နေကြပါတယ်။

အမေရိကန်နိုင်ငံရဲ့ ရန်ပုံငွေ ဖြတ်တောက်မှုကြောင့် လူသားချင်းစာနာမှု အခြေအနေဟာ ပိုဆိုး လာလို့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ အန္တရာယ်များတဲ့ ပင်လယ်ပြင်ကိုဖြတ်ကျော်ပြီး အခြားတိုင်းပြည် များသို့သွားဖို့ ကြိုးပမ်းလာကြတယ်လို့ UNHCR က ဆိုပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ အိမ်ရှင်တိုင်းပြည်တွေကို ကူညီဖို့ ယခုနှစ်အတွက် ဒေါ်လာ သန်း ၄၀၀ နီးပါး လိုအပ်ပေမယ့် ရန်ပုံငွေလိုအပ်ချက်ရဲ့ ၃၀ ရာခိုင်နှုန်းမျှသာ ရရှိသေးတယ်လို့ UNHCR က ပြောပါ တယ်။

ကိုးကား – NHK
Ref; UN sounds alarm after hundreds of Rohingya die at sea

#Ayeyarwaddy_Times