ဧရာဝတီတိုင်းမ်
မေ ၂၇ ရက်

တိတ်တဆိတ် ထိတွေ့ဆက်ဆံမှုက မြန်မာ့လက်ရှိပဋိပက္ခ ဖြေရှင်းရာမှာ ထိရောက်သော အခန်း ကဏ္ဍမှ ပါဝင်ခဲ့တယ်လို့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ပြောကြားလိုက်ပါတယ်။

အာဆီယံအဖွဲ့ဟာ ယခုနှစ် အာဆီယံအဖွဲ့ ဥက္ကဌဖြစ်တဲ့ မလေးရှားနိုင်ငံကဖွဲ့စည်းတဲ့ အလွတ်သ ဘော အကြံပေးအဖွဲ့ရဲ့ သတင်းအချက်အလက်တွေနဲ့အတူ အပြုသဘောဆောင်တဲ့ ခြေလှမ်းတွေ လုပ် ဆောင်နိုင်ခဲ့တယ်လို့ သူက ဆိုပါတယ်။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် ဉီးဆောင်တဲ့ အဆိုပါအကြံပေးအဖွဲ့ဟာ ဘရူနိုင်း နိုင်ငံမှာ တွေ့ဆုံခဲ့ပြီး ဘရူနိုင်းဘုရင် ဟတ်ဆန်နယ်ဘိုကီးယားလည်း တက်ရောက်ခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

“အကြံပေးအဖွဲ့ရဲ့ နောက်လာမယ့်အစည်းအဝေးကို ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆမ် က လက်ခံကျင်းပမှာဖြစ်ပါတယ်” လို့ အန်ဝါအီဘရာဟင်က ပြောပါတယ်။

ဒီလအစောပိုင်းမှာ အန်ဝါက မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အတိုက်အခံ အမျိုးသား ညီညွတ်ရေးအစိုးရအဖွဲ့ (NUG) နဲ့ သီးခြား တွေ့ဆုံမှုတွေ ပြုလုပ်ခဲ့ရာ ပဋိပက္ခအဖွဲ့အစည်းတွေကြား တိုက်ရိုက် ထိတွေ့ဆက်ဆံမှု တိုးမြှင့်ရေးမှာ သိသာထင်ရှားသော ခြေလှမ်းတစ်ရပ် ဖြစ်စေပါတယ်။

အာဆီယံအဖွဲ့ဟာ သုံးနှစ်သက်တမ်းရှိ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်တစ် ဉီး ခန့်အပ်မယ့်အဆိုကို လုပ်ဆောင်သွားဖို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး (AMM) က သဘောတူခဲ့တယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟတ်ဆန်က ယမန်နေ့မှာ ပြော ကြားခဲ့ပါတယ်။

အာဏာသိမ်းမှုဖြစ်စဉ်အပြီးမှာ အာဆီယံအဖွဲ့ဟာ ဧပြီလအတွင်း မြန်မာ့အရေး ဘုံသဘောတူညီ ချက် (၅) ရပ်ကို ချမှတ်ခဲ့ပါတယ်။

ကိုးကား – Bernama
Ref; Quiet engagement on Myanmar matters: Anwar

#Ayeyarwaddy_Times