
သြဂုတ်လ ၂၇ ရက်နေ့ နိုင်ငံတဝှမ်း ဖြစ်ပွားခဲ့သောသတင်းများ
(Ayeyarwaddy Times News SMS)
– လက်ပံတောင်းတောင် ဒေသရှိ တရုတ်ဝမ်ပေါင်ကုမ္မဏီက ကြေးနီထုတ်လုပ်မှုတွေ ဆက်လက်လုပ်ကိုင်နေ
– ချောင်းသာကမ်းခြေက တောများထဲတွင် PDF များရောက်ရှိနေသည်ဟု သတင်းရ၍ စစ်ကောင်စီတပ်များ အပူတပြင်းလိုက်ရှာနေ
– ဒေါက်တာနိုလင်းဟေဇာ ရာထူးကနုတ်ထွက်ရေး ဝါရှင်တန်ဒီစီတွင်ဆန္ဒပြ
– ကျိုက်ထိုမြို့နယ် မရမ်းချောင်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မိုင်းဆွဲတိုက်ခိုက်ခံရ
– ရေးမြို့နယ်မှာ ရော်ဘာရာသီပြန်လည်စတင်လာပေမဲ့ ရာဘာအစေးခြစ်လုပ်သားတွေ ရှားပါးလာနေ
– နိုင်ငံ့ခေါင်းဆောင်များအပေါ် စွဲထားသည့် ရွေးကောက်ပွဲအမှု စက်တင်ဘာ ၂ ရက် အမိန့်ချမည်
– ဇနီးဖြစ်သူ အိမ်မှာလာနေတာကို ကူညီအားပေးအားမြှောက်ပြုမှုဖြင့် ပန်းချီဆရာ ထိန်လင်းကို စစ်ကောင်စီ တရားစွဲ
– စက်သုံးဆီဈေးနှုန်းမြင့်တက်မှုကြောင့် အဝေးပြေးကားလက်မှတ်များ ဈေးတက်လာ