ဧရာဝတီတိုင်းမ်
မေ ၂၂ ရက်

မြန်မာနိုင်ငံ၊ ပဋိပက္ခဘေးသင့် ရခိုင်ပြည်နယ်သို့ အကူအညီပေးပို့ဖို့ သက်ဆိုင်ရာ အဖွဲ့အစည်း တွေကြား သဘောတူညီချက် လက်မှတ်ရေးထိုးမထားဘူးလို့ ဘင်္ဂလားဒေ့ရှ် အမျိုးသားလုံခြုံရေးအကြံ ပေး ဒေါက်တာ ခါလီလာရာမန်က ပြောပါတယ်။

“အဖွဲ့အစည်းအားလုံးကြား ဘုံသဘောတူညီချက် လိုအပ်မှာဖြစ်လို့ ရခိုင်ပြည်နယ်ကို အကူအညီ ပေးဖို့ သဘောတူညီချက် မရှိခဲ့ပါဘူး” လို့ ၎င်းက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

မရှိမဖြစ်လိုအပ်တဲ့အရာတွေထဲမှာ အဟန့်အတားမရှိ အကူအညီပေးအပ်ခွင့်ပြုရေး၊ အကူအညီ ပေးရာမှာ ခွဲခြားဆက်ဆံမှုမရှိရေး၊ အကူအညီတွေကို လက်နက်အဖြစ် အသုံးမချရေးနဲ့ လက်နက်ကိုင် လှုပ်ရှားမှုတွေ ရပ်ဆိုင်းရေးတို့ ပါဝင်တယ်လို့ သူက ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေဟာ ကြောက်မတ်ဖွယ်ရာ လူသားချင်းစာနာမှု အကျပ်အတည်းနဲ့ ပတ်သက်လို့ ဆန်းစစ်လေ့လာနေစဉ် ရခိုင်ပြည်နယ်သို့ လူသားချင်းစာနာမှု အကူအညီနဲ့ပတ်သက်တဲ့ မေးခွန်း ဖြစ်လာခဲ့တာလို့ ၎င်းက ဖြေကြားခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာ ရိုဟင်ဂျာ ၁ ဒသမ ၂ သန်းကို လက်ခံထားရလို့ ဒုက္ခသည်တွေ ထပ်မံ လက်ခံလို့မရတော့ဘူးလို့ ၎င်းက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာမှု အကူအညီ ဆိုးရွားလာလို့ ကုလသမဂ္ဂနဲ့ ဘင်္ဂလားဒေ့ရှ်နိုင် ငံဟာ လူသားချင်းစာနာမှု အကူအညီ ပေးအပ်ရေး ထည့်သွင်းစဉ်းစားလာတယ်လို့ ခါလီလာက ပြောပါ တယ်။

ရခိုင်ပြည်နယ်သို့ အကူအညီပေးအပ်မှုဟာ တည်ငြိမ်မှုဖြစ်စေကာ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံသို့ နေရပ်ပြန်ရေး အခြေအနေတွေ ဖန်တီးပေးမယ်လို့ ၎င်းက ဆက်ပြောပါတယ်။

ကိုးကား – BSS News
Ref; No deal yet for aid supply to Rakhine: Security Adviser

#Ayeyarwaddy_Times