
ဧရာဝတီတိုင်းမ်
မေ ၁၇ ရက်
တူရကီနိုင်ငံ၊ အီစတန်ဘူလ်မြို့တော်မှာ ယူကရိန်းနဲ့ရုရှားကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှု တွေ ပြုလုပ်နေပြီး မော်စကိုနဲ့ကိယက်ဗ်မှ ကိုယ်စားလှယ်အဖွဲ့တွေဟာ တိုက်ရိုက် စေ့စပ်ညှိနှိုင်းမှုတွေ စ တင်ခဲ့ပါတယ်။
ရုရှားက ယူကရိန်းကို ကျူးကျော်မှုစတင်ခဲ့တဲ့ ၂၀၂၂ ခုနှစ် မေလနောက်ပိုင်း နှစ်နိုင်ငံကြား ပထမ ဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံမှုဖြစ်ပါတယ်။
ရုရှားကိုယ်စားလှယ်အဖွဲ့ကို သမ္မတ ဗလာဒီမာပူတင်ရဲ့ အကြီးတန်းလက်ထောက် ဗလာဒီမာမီ ဇင်စကီးက ဉီးဆောင်ပြီး ကာကွယ်ရေးဝန်ကြီး ရုစတမ်ဉမာရော့ဗ်က ယူကရိန်းနိုင်ငံကို ကိုယ်စားပြုခဲ့ပါ တယ်။
ယူကရိန်းသမ္မတ ဇီလန်စကီးဟာ ရုရှားခေါင်းဆောင် ဗလာဒီမာပူတင်နဲ့ တွေဆုံဖို့ အသင့်ဖြစ်မှုပြ သဖို့ တူရကီနိုင်ငံ၊ အီစတန်ဘူလ်မြို့သို့ ရောက်ရှိနေပါတယ်။
ယူကရိန်းနိုင်ငံက ပထမအဆင့်အနေနဲ့ ရက် ၃၀ အပစ်အခတ်ရပ်စဲဖို့ လှုံ့ဆော်ခဲ့ပေမယ့် ရုရှားနိုင် ငံက အဆိုပြုချက်ကို ပယ်ချခဲ့ပြီး ပဋိပက္ခဖြစ်ပွားရတဲ့ အကြောင်းရင်းကို ဖယ်ရှားလိုတယ်လို့ ပြောခဲ့ပါ တယ်။
ယူကရိန်းက နေတိုးအဖွဲ့ မဝင်ရောက်ဖို့ ရုရှားက တောင်းဆိုနေပြီး မည်သည့်ပိုင်နက်နယ်မြေမှ ပြန်မပေးဘူးလို့ ငြင်းဆိုပါတယ်။
တွေ့ဆုံမှုမျာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုနဲ့ တူရကီ တာဝန်ရှိသူတွေ တက် ရောက်ခဲ့ပြီး ဒေါ်နယ်ထရမ့်က ပူတင်နဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံမယ်လို့ သိရပါတယ်။
ကိုးကား – NHK
Ref; Russia, Ukraine start ceasefire negotiations in Turkey
#Ayeyarwaddy_Times