
ဧရာ၀တီတိုင်းမ်
မေ ၁၆ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စစ်ရာဇဝတ်မှုများတွင် တာဝန်ရှိသူများ၊ အမိန့်ပေးသူများ၊ လုပ် ဆောင်သူများနှင့် သတင်းမှန် ဖုံးကွယ်သူများကို ပြည်တွင်းပြည်ပ တရားရုံးများတွင် ဥပဒေအရ အရေးယူနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့ မေ ၁၆ ရက်တွင် ထုတ်ပြန်သည်။
ထုတ်ပြန်ချက်တွင် မင်းအောင်လှိုင်၏ စစ်တပ်သည် ဒီပဲယင်းမြို့နယ် အိုးထိန်းတွင်းကျေးရွာ စာသင်ကျောင်းကို လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးသူငယ် ၂၂ ဦးနှင့် ဆရာမ ၂ ဦး သေဆုံးခဲ့သည့်အပြင် ရသေ့တောင်မြို့နယ် ထွန်းရဝေကျေးရွာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၂ ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်များကိုလည်း ဖော်ပြထားသည်။
NUG ၏ အချက်အလက်များအရ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၅ ခုနှစ် မေလ ၁၂ ရက်အထိ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုပေါင်း ၂,၆၇၉ ခုကြောင့် အရပ်သား ၃,၀၄၃ ဦး သေဆုံးခဲ့ပြီး စာသင်ကျောင်း ၂၄၀ ကျောင်းနှင့် ဆေးရုံ၊ ဆေးခန်း ၉၆ ခု ပျက်စီးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် အပစ်အခတ်ရပ်စဲရေး ကြေညာချက်ကို လျစ်လျူရှုကာ စစ်ရာဇဝတ်မှုများ ကျူးလွန်နေပြီး ၎င်းတို့၏ လုပ်ရပ်များကို ဝါဒဖြန့်မီဒီယာများဖြင့် ဖုံးကွယ်နေကြောင်း NUG က ရှုတ်ချသည်။
NUG အနေဖြင့် လေကြောင်းတိုက်ခိုက်မှုများ ရပ်တန့်ရေးနှင့် ပြည်သူများ၏ ထိခိုက်ဆုံးရှုံးမှု နည်းပါးစေရေး အစွမ်းကုန် ကြိုးပမ်းသွားမည်ဖြစ်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့်လည်း လက်တွေ့ကျသော အရေးယူမှုများ ပြုလုပ်ရန် တိုက်တွန်းထားသည်။
ပုံစာ-ပဲယင်းမြို့နယ် အိုးထိန်းတွင်းကျေးရွာ စာသင်ကျောင်းလေကြောင်းတိုက်ခိုက်ခံရမှု နှင့် ရသေ့တောင်မြို့နယ် ထွန်းရဝေကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှု မြင်ကွင်း။
#စစ်ရာဇဝတ်မှုများ #အရေးယူဆောင်ရွက်မည် #NUG