
ဧရာဝတီတိုင်းမ်
မေ ၁၆ ရက်
အစ္စရေးနိုင်ငံက မေလ ၁၅ ရက်အစောပိုင်းမှာ ဂါဇာ၌ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင် ခဲ့ရာ လူ ၇၀ ကျော် သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်းမီဒီယာတွေက ဖော်ပြပါတယ်။
တပ်ဖွဲ့ အလွန်အကျွံ အသုံးပြုပြီး ဂါဇာမြောက်ပိုင်းကို တိုက်ခိုက်သွားမှာဖြစ်လို့ တိုက်ခိုက်မှုမ တိုင်မီ ဘေးလွတ်ရာရွှေ့ပြောင်းကြာဖို့ အစ္စရေးစစ်တပ်က သတိပေးချက်တစ်ရပ် ထုတ်ပြန်ပြီးနောက် အ ခုလို လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာပါ။
အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူ ၇၄ ဉီးထက်မနည်း သေဆုံးခဲ့တယ်လို့ ပါ လက်စတိုင်း သတင်းဌာနတွေက ဖော်ပြပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဒီသီတင်းပတ် အရှေ့အလယ်ပိုင်းခရီးစဉ်နဲ့ တိုက်ဆိုင်ပြီး ကာတာနိုင်ငံမှာ အစ္စရေးနဲ့ ဟားမာစ်အဖွဲ့ကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုတွေ ပြုလုပ်နေပေမယ့် တိုးတက်မှုမရှိဘူးလို့ သိရပါတယ်။
အစ္စရေးစစ်တပ်က နှစ်လကျော်ကြာသည်အထိ လူသားချင်းစာနာမှု အထောက်အပံ့တွေကို ခွင့်မ ပြုတာကြောင့် ဂါဇာဒေသရှိ ပါလက်စတိုင်းပြည်သူ ၂ သန်းကျော်ဟာ လက်ရှိမှာ အငတ်ဘေးအန္တရာယ် ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂအဖွဲ့က ပြောပါတယ်။
ပုဂ္ဂလိကဖောင်ဒေးရှင်းတစ်ခုမှတစ်ဆင့် ဂါဇာဒေသမှာ လူသားချင်းစာနာမှု အကူအညီတွေအ တွက် ဖြန့်ဖြူးရေး အခြေစိုက်စခန်းတစ်ခုထူထောင်ဖို့ စီစဉ်နေတယ်လို့ အမေရိကန်အစိုးရက ပြောပါ တယ်။
ဒီလအကုန်မှာ လုပ်ငန်းလည်ပတ်မှုတွေ စတင်မယ်လို့ အဆိုပါဖောင်ဒေးရှင်းကို ကိုးကားပြီး အ မေရိကန်မီဒီယာတစ်ခုက ဖော်ပြပါတယ်။
ကုလသမဂ္ဂနဲ့ အကူအညီပေးရေးအဖွဲ့တွေက အဆိုပါအစီအစဉ်ကို ဝေဖန်ခဲ့ပြီး ရှိယင်းစွဲ ကုလသ မဂ္ဂ အကူအညီပေးမှု ဖြန့်ဖြူးရေးစနစ်ကို ပိတ်သိမ်းကာ အစ္စရေးစစ်တပ် ထိန်းချုပ်မယ့် စနစ်တစ်ခုနဲ့ အစားထိုးဖို့ ဖြစ်စေမယ်လို့ ပြောပါတယ်။
ကိုးကား – NHK
Ref; Palestinian media say Israeli airstrikes kill over 70 people in Gaza
#Ayeyarwaddy_Times