
ဧရာဝတီတိုင်းမ်
မေလ ၁၅ ရက်
ရိုဟင်ဂျာဒုက္ခသည်တွေကို ဥပဒေမဲ့ဖမ်းဆီးပြီး အတင်းအကြပ် နေရပ်ပြန်ပို့တာကို ရပ်တန့်ဖို့ လူ့ အခွင့်အရေး ကာကွယ်ရေးအဖွဲ့ Fortify Rights က အိန္ဒိယအစိုးရကို တနင်္လာနေ့မှာ တိုက်တွန်းလိုက်ပါ တယ်။
အိန္ဒိယအစိုးရအနေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ဥပဒေမဲ့ဖမ်းဆီးပြီး အတင်းအကြပ် နေရပ်ပြန်ပို့ တာကို ချက်ချင်း ရပ်တန့်ဖို့နဲ့ ၎င်းတို့ကို ဥပဒေအရ ကာကွယ်ပေးသင့်တယ်လို့ Fortify Rights က ထုတ် ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
“အိန္ဒိယအာဏာပိုင်တွေဟာ ရိုဟင်ဂျာဒုက္ခသည်တွေကို ရိုက်နှက်၊ မျက်နှာကိုအဝတ်နဲ့ပိတ်စည်း၊ လက်ထိပ်ခတ်ပြီး မြန်မာနိုင်ငံသို့ အတင်းအကြပ် ပြန်ပို့ပါတယ်” လို့ Fortify Rights က ဆိုပါတယ်။
နယူးဒေလီမြို့တော်မှာ ရိုဟင်ဂျာဒုက္ခသည်တွေကို ဖမ်းဆီးပြီး ပြည်နှင်ဒဏ်ပေးတာဟာ မေလ ၆ ရက်မှာ စတင်ခဲ့တယ်လို့ Fortify Rights က ဆက်ပြောပါတယ်။
“အိန္ဒိယအစိုးရဟာ ရိုဟင်ဂျာဒုက္ခသည်တွေကို လူမျိုးသုဉ်းသတ်ဖြတ်မှုအတွက် တာဝန်ရှိတဲ့ မြန် မာစစ်ကောင်စီထံ လွှဲပြောင်းပေးနေပါတယ်” လို့ Fortify Rights မှ လူ့အခွင့်အရေး ကာကွယ်ပေးမှု ကျွမ်းကျင်သူ Yap Lay Sheng က ပြောပါတယ်။
“အိန္ဒိယနိုင်ငံဟာ တိုင်းပြည်တွင်းရှိ ဒုက္ခသည်အားလုံးရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးရ မယ့် တာဝန်တွေရှိပြီး မြန်မာနိုင်ငံသို့ ရိုဟင်ဂျာဒုက္ခသည်တွေ အဓမ္မ နေရပ်ပြန်ပို့တာ ချက်ချင်း ရပ်တန့်ရ ပါမယ်” လို့ ၎င်းက ဆိုပါတယ်။
ကိုးကား – Anadolu
Ref; India urged to halt arbitrary arrest, forcible return of Rohingya
#Ayeyarwaddy_Times