ဧရာဝတီတိုင်းမ်
မေ ၁၄ ရက်

ဧရာ၀တီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ နွားရေကျော်ကျေးရွာအုပ်စုတွင် လစဥ်စစ်မှုထမ်း ထောက်ပံကြေးကောက်ရာတွင် မထည့်သော အမျိုသားတစ်ဦးကို မေ ၉ ရက်နေ့က စစ်မှုထမ်းရန် ခေါ်ဆောင်သွားကြောင်း သိရသည်။

နွားရေကျော်ကျေးရွာအုပ်စု ၊ ကျောင်းစုကျေးရွာနေ အမျိုးသားတစ်ဦးကို အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့များက လာရောက်ခေါ်ဆောင်ပြီး စစ်မှုထမ်းရန်ပို့ဆောင်ခဲ့သည်ဟု ဒေသခံများထံက သိရသည်။

“ရွာမှာ စစ်မှုထမ်းလစဥ်ကြေး မထည့်လို့ စစ်ထဲသွင်းလိုက်တာလို့ပြောတယ်။ ခဏလိုက်ခဲ့ဆိုပြီးခေါ်သွားပြီး ခုလိုလုပ်လိုက်တာ”ဟု ကျေးရွာဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်မ်းကိုပြောသည်။

လက်ရှိတွင် အဆိုပါအမျိုးသားကို ခမရ ၅၃၄တပ်အတွင်းတွင်ထားရှိထားပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းကို ပို့ဆောင်ရန်စီစဥ်နေကြောင်းသိရှိရသည်။

စစ်ကောင်စီမှ ရှေ့တန်းစစ်မျက်နှာပြင်သို့ ပို့ဆောင်ရန် တပ်ဖွဲ့ဝင်အင်အားလုံလောက်မှုမရှိတော့သည့်အတွက် ဧရာ၀တီတိုင်းအပါအ၀င် အခြားတိုင်းနှင့်ပြည်နယ် အချို့တွင် လူငယ်များကို အကြောင်းအမျိုးမျိုးပြကာအဓမ္မဝင်ရောက်ဖမ်းဆီးမှုများပိုမိုပြုလုပ်လာကြောင်း သိရသည်။

#မော်လမြိုင်ကျွန်း #စစ်မှုထမ်းထောက်ပံကြေး #အမျိုးသားတစ်ဦး #တပ်သားအဖြစ်ခေါ်စုဆောင်းခံရ #Ayeyarwaddy_Times