ဧရာဝတီတိုင်းမ်
မေ ၂ ရက်

ဧရာဝတီတိုင်း၊ ကျုံပျော်မြိုနယ်တွင် စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးက PDF ကိုကြောက်တတ်ရင် အုပ်ကြီးမလုပ်ဘူးဟု ကြွေးကြော်ပြီး ပြည်သူ့စစ်မှုထမ်းအကြောင်းပြ၍ လစဥ်ငွေတောင်းယူနေကြောင်း ဒေသခံများထံကသိရသည်။

စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်ဦးသည် ကညင်ဆိုင်အုပ်စု၊ အုန္နဲရိုးကျေးရွာတွင်နေထိုင်းပြီး ဆယ်အိမ်မှူး၊ ရာအိမ်မှူးများနှင့် ပူးပေါင်းကာ ဒေသခံများကို အမျိုးမျိုးခြိမ်းခြောက်ကြွေးကြော်၍ စစ်မှုထမ်းအကြောင်းပြ ငွေတောင်းယူ​နေခြင်းဖြစ်သည်ဟု ဒေသခံများကပြောဆိုသည်။

“PDF ကိုအကြောင်းကြားပြီး တိုင်မယ်လို့ အုပ်စုမှာပြောနေကြတာ သူ့နားရောက်တော့၊ PDF ကိုကြောက်တတ်ရင် ငါအုပ်ကြီးမလုပ်ဘူး။ သတ္တိရှိရင်ကြိုက်တဲ့အချိန်လာခဲ့ဆိုပြီး PDF ဆဲဆိုနေတာ။ ရွာရှိအိမ်တိုင်းကို လစဉ်ငွေကောက်တယ်။ စားဝတ်နေရေး ခက်ခဲနေတဲ့ကြားက ကြောက်လန့်နေတော့ လစဉ်ပေးနေရတယ်” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ကညင်ဆိုင်အုပ်စု​ရှိ နေအိမ်များကို တစ်လလျှင် ကျပ်ငွေ နှစ်ထောင့်ငါးရာမှ ကျပ်ငွေနှစ်သောင်း အထိ လစဥ်ပေးဆောင်ရပြီး ငွေထည့်မှုမရှိသည့်နေအ်ိမ်များကို ပြည်သူ့စစ်မှုထမ်းအတွက် မဲနှိုက်ရမည်ဟုပြောဆိုကြောင်း ဒေသခံများကပြောသည်။

ဧရာဝတီတိုင်းအတွင်း ၂၆ မြို့နယ်ရှိ စစ်
ကောင်စီခန့် အုပ်ချုပ်ရေးမှူးအများစုသည် ပြည်သူ့စစ်မှုထမ်းအတွက် အကြောင်းပြကာ ဒေသခံပြည်သူများကို ခြိမ်းခြောက်ငွေတောင်းယူမှုများ ပြုလုပ်နေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

#ကျုံပျော် #PDF #ကြွေးကြော် #ပြည်သူ့စစ်မှုထမ်းအကြောင်းပြ #လစဥ်ငွေတောင်း #Ayeyarwaddy_Times