
လက်ပံတောင်းတောင် ဒေသရှိ တရုတ်ဝမ်ပေါင်ကုမ္မဏီက ကြေးနီထုတ်လုပ်မှုတွေ ဆက်လက်လုပ်ကိုင်နေ
အောင်မြသန်း/ဧရာဝတီတိုင်းမ်
(မုံရွာ) သြဂုတ်လ၂၆ ရက်
စစ်ကိုင်းတိုင်း၊ လက်ပံတောင်းတောင်ဒေသရှိ တရုတ်ဝမ်ပေါင် ကုမ္မဏီ အတွင်း ကြေးနီထုတ်လုပ်မှုများ ဆက်လက်လုပ်ကိုင်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
အဆိုပါ တရုတ်ဝမ်ပေါင်ကုမ္မဏီကထုတ်လုပ်တဲ့ ကြေးနီပြားတွေကို တရုတ်နိုင်ငံကို ကားကြီးကားငယ်တွေနဲ့ ရဲတပ်ဖွဲ့တွေက လုံ
ခြုံရေးယူကာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ထဲပို့ပြီး မှ တဆင့် တရုတ်နိုင်ငံကို ပို့ဆောင်နေတယ် လို့ ဒေသခံတွေကပြောပါတယ်။
“ပထမ တိုက်ရိုက် ပို့ဆောင်တာတွေ ပြုလုပ်ခဲ့ပေမဲ့ အခုကြတော့
စစ်ကော်စီက ကြေးနီကုမ္မဏီကို ဆက်ထုတ်နေပြီ နိုင်ငံရေးအခြေနေအရ မလုပ်ဘူးပြောပေမဲ့လည်း တကယ်ကြတော့ အတွင်းမှာ တရုတ်လုပ်သားတွေနဲ့ ခိုးလုပ်နေကြတာ” လို့ ဝမ်ပေါင်ကြေးနီစီမံကိန်း ဝန်ထမ်းဟောင်းတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
လက်ပံတောင်းတောင်ဒေသအတွင်း တရုတ်ဝမ်ပေါင်ကုမ္မဏီ နဲ့
စစ်ကောင်စီတပ်တို့ပူးပေါင်းကာ ကြေးနီးတူဖော်လုပ်ကိုင်နေပြီးဒေသခံတောင်သူတွေရဲ့ မြေယာတွေကိုသိမ်းဆည်းကာ လုပ်
ဆောင်နေတယ် လို့ ဒေသခံတွေကဆိုပါတယ်။
ထို့ပြင် ဒေသခံတွေကန့်ကွက်မှုတွေကြားက ကြေးနီစီမံကိန်းကိုဝမ်ပေါင်ကုမ္မဏီက ဆက်လက်လက်လုပ်ကိုင်ပြီး လက်ပံတောင်းတောင်အနီးရှိကျေးရွားများက်ို စစ်ကောင်စီကအင်အားသုံးဖယ်ရှားတာတွေပြုလုပ်တဲ့အပြင် ကျေးရွားဘေးပတ်ဝန်းကျင်တွေကိုမီးရှို့ပြီး နင်းမိုင်းတွေကအစထောင်နေကြတယ် လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။
#Ayeyarwaddy_Times