
ဧရာဝတီတိုင်းမ်
ဧပြီ ၂၉ ရက်
တရုတ်လေကြောင်းလိုင်းတွေထံ ပေးပို့ခဲ့တဲ့ ဘိုအင်းလေယာဉ်တွေကို အမေရိကန်နိုင်ငံသို့ ပြန်ပို့ ခဲ့တယ်လို့ တရုတ်အစိုးရက အနောက်နိုင်ငံမီဒီယာတွေကို အတည်ပြုခဲ့ပါတယ်။
တရုတ် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူဟာ အင်္ဂါနေ့က ကြေညာချက် တစ်ရပ် ထုတ်ပြန်ကာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့ရဲ့ ထပ်တိုး စည်းကြပ်ခွန်အစီအမံ တွေကို ဝေဖန်လိုက်ပါ တယ်။
အကျိုးဆက်အနေနဲ့ တရုတ်လေကြောင်းလိုင်းတွေနဲ့ ဘိုအင်းကုမ္ပဏီတို့ဟာ ကြီးမားစွာ ထိခိုက် နစ်နာခဲ့တယ်လို့ ၎င်းက ပြောပါတယ်။
အမေရိကန်-တရုတ် ကုန်သွယ်ရေးပွတ်တိုက်မှု အကျိုးသက်ရောက်မှုအဖြစ် ဘိုအင်းကုမ္ပဏီ ထုတ် ခရီးသည်တင်လေယာဉ်တွေကို မယူတော့ဘူးလို့ တရုတ်လေကြောင်းကုမ္ပဏီတွေက ပြောကြားခဲ့ တယ်လို့ ဘိုအင်းကုမ္ပဏီက ပြီးခဲ့တဲ့အပတ်အတွင်း ပြောကြားခဲ့ပါတယ်။
အမေရိကန်နိုင်ငံဟာ စည်းကြပ်ခွန်ကို လက်နက်တစ်ခုအဖြစ် အသုံးချနေပြီး ထိုလုပ်ရပ်က ကမ္ဘာ့ စက်မှုနဲ့ ထောက်ပံ့ရေးလမ်းကြောင်းတွေ တည်ငြိမ်မှုကို ဆိုးရွားစွာ ထိခိုက်စေခဲ့တယ်လို့ ထုတ်ပြန်ချက် က ဆိုပါတယ်။
အမေရိကန်နိုင်ငံရဲ့ ထပ်တိုးစည်းကြပ်ခွန်ကြောင့် ကုမ္ပဏီများစွာဟာ ပုံမှန် ကုန်သွယ်မှုနဲ့ ရင်းနှီး မြှပ်နှံမှု မလုပ်နိုင်တော့ဘူးလို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။
တည်ငြိမ်သော ပတ်ဝန်းကျင်တစ်ခုဖြစ်ရေး အမေရိကန်အစိုးရက ကုမ္ပဏီတွေရဲ့အသံကို နား ထောင်ဖို့ တရုတ်နိုင်ငံက မျှော်လင့်ပါကြောင်း တရုတ် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆို ခွင့်ရှိသူက ပြောကြားခဲ့ပြီး စည်းကြပ်ခွန် အစီအမံတွေကို ပြန်ရုတ်သိမ်းဖို့ တိုက်တွန်းလိုက်ပါတယ်။
ကိုးကား – NHK
Ref; Beijing affirms return of Boeing jets by Chinese airlines
#Ayeyarwaddy_Times