
ဧရာဝတီတိုင်းမ်
ဧပြီ ၂၉ ရက်
မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်ရှိ သတ္တဗေဒဌာနမှ အငြိမ်းစားပါမောက္ခတစ်ဦး လုယက်သတ်ဖြတ် ခံခဲ့ရကြောင်း သိရသည်။
ပုသိမ်ကြီးမြို့နယ်တွင်နေထိုင်သည့် ဒေါက်တာဒေါ်ထွေးထွေး အသက် (၆၆)နှစ်ကို ပြီးခဲ့သည့် ဧပြီ ၂၅ ရက်နေ့တွင် အိမ်ခြံမြေပွဲစားက လာရောက်ခေါ်ထုတ်သွားပြီနောက် သတ်ဖြတ်ခံလိုက်ရခြင်း ဖြစ်ကြောင်း သိရသည်။
သေဆုံးသူသည် ယခင်က မင်္ဂလာရန်ကင်းအိမ်ရာတွင်နေထိုင်သူဖြစ်ပြီး ငလျင်ကြောင့် ပုသိမ်ကြီး မြို့နယ်အတွင်း ပြောင်းရွှေ့နေထိုင်ရာ အိမ်ပွဲစားဖြစ်သူက လာရောက်ခေါ်ထုတ်သွားပြီးနောက် လုယက်သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။
အိမ်ခြံမြေပွဲစားလုပ်သူမှာ သေဆုံးသူနှင့် ခင်မင်ရင်း နှီးသူဖြစ်ပြီး ပုသိမ်ကြီးဘက်တွင် အိမ်ပြမည် ဟုဆိုကာ နေအိမ်မှလာရောက်ခေါ်ယူသွားခြင်းဖြစ်သည်ဟု သိရသည်။
ဒေါက်တာဒေါ်ထွေးထွေးနှင့် နီးစပ်သူတစ်ဦးက “အသိ အိမ်ခြံမြေပွဲစားက အိမ်ပြမယ်လို့ လိမ်လည် ခေါ်သွားပြီး ပိုင်ဆိုင်သမျှတွေကို ရိုက်သတ်လုယူသွားပါတယ်”ဟု ပြောဆိုထားသည်။
အသတ်ခံရသူ ပါမောက္ခဒေါ်ထွေးထွေးသည် အိမ်ခြံ မြေ ရောင်း၊ဝယ်၊ငှား လုပ်ငန်းများကို လုပ်ကိုင်သူဖြစ်ပြီး အသတ်ခံရမည့်နေ့က အိမ်ကြည့်ရန် ပွဲစားနှင့်အတူ ထွက်သွားခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ- လုယက်သတ်ဖြတ်ခံရသည့် ဒေါက်တာဒေါ်ထွေးထွေး
#မန္တလေး #ပုသိမ်ကြီး #အငြိမ်းစား #ပါမောက္ခ #အမျိုးသမီး #လုယက် #အသတ်ခံရ #Ayeyarwaddy_Times