
ဧရာဝတီတိုင်းမ်
ဧပြီ ၂၆ ရက်
ရုရှားထံမှ ခရိုင်းမီးယားဒေသကို ပြန်ရဖို့ ယူကရိန်းအတွက် အလွန် ခက်ခဲလိမ့်မယ်လို့ အမေရိ ကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။
ယူကရိန်းနဲ့ရုရှားကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ရှေ့ဆက်နိုင်ရေး အမေရိကန်အစိုးရရဲ့ ကြိုး ပမ်းမှုတွေနဲ့ပတ်သက်လို့ ဒေါ်နယ်ထရမ့်ဟာ ကြာသပတေးနေ့က အိမ်ဖြူတော်မှာ သတင်းထောက်တွေ ကို အခုလို ပြောကြားခဲ့တာပါ။
လူ ၁၂ ဉီး သေဆုံးခဲ့တဲ့ ယူကရိန်းနိုင်ငံရဲ့မြို့တော် ကိယက်ဗ်မြို့အပေါ် ရုရှားရဲ့ လေကြောင်းတိုက် ခိုက်မှုကို လက်မခံဘူးလို့ ၎င်းက ဆက်ပြောပါတယ်။
“ကျွန်တော်တို့ ငြိမ်းချမ်းရေး ဆွေးနွေးနေချိန်မှာ ဒုံးကျည်တွေ ပစ်ခတ်ခဲ့တာကြောင့် ကျွန်တော် မပျော်ရွှင်ခဲ့ပါဘူး” လို့ သူက ဆိုပါတယ်။
ရုရှားက ၂၀၁၄ ခုနှစ်မှာ တစ်ဖက်သတ် ကျူးကျော်သိမ်းပိုက်ခဲ့တဲ့ ခရိုင်းမီးယားဒေသကို ယူက ရိန်းက ပြန်ရဖို့ မလွယ်ကူဘူးလို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။
ရုရှားနိုင်ငံက ကမ်းလှမ်းခဲ့တဲ့ အလျှော့ပေးချက်တွေနဲ့ပတ်သက်လို့ မေးမြန်းရာမှာ “အလွန်ကြီး မားတဲ့ လိုက်လျောချက်တစ်ခုဖြစ်တယ်” လို့ ၎င်းက ပြောပါတယ်။
အမေရိကန်အစိုးရက အဆိုပြုတဲ့ ငြိမ်းချမ်းရေးအစီအစဉ်မှာ ခရိုင်းမီးယားဒေသအား ရုရှားက ထိန်းချုပ်ထားမှုကို အမေရိကန်နိုင်ငံက အသိအမှတ်ပြုဖို့ ပါဝင်တယ်လို့ မီဒီယာသတင်းတွေက ဖော်ပြပါ တယ်။
ခရိုင်းမီးယားဒေသ ကျူးကျော်သိမ်းပိုက်မှုအား ယူကရိန်းက အသိအမှတ်မပြုဘူးလို့ ယူကရိန်း သမ္မတ ဇီလန်စကီးက အရိပ်အမြွက်ထုတ်ပြောထားပါတယ်။
ကိုးကား – NHK
Ref; Trump: ‘Very difficult’ for Ukraine to get Crimea back
#Ayeyarwaddy_Times