
ဧရာဝတီတိုင်းမ်
ဧပြီ ၂၄ ရက်
အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်နဲ့အညီ မြန်မာနိုင်ငံရဲ့ အမှန်တစ်ကယ် ဒီမိုကရေစီလမ်း ကြောင်း လျှောက်လှမ်းမှု ချောမွေ့စေဖို့ အမေရိကန်နိုင်ငံက အာဆီယံအဖွဲ့နဲ့ အနီးကပ် ညှိနှိုင်းဆောင် ရွက်နေတယ်လို့ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဗျူရိုမှ အကြီးတန်း တာဝန်ရှိသူ ရှောင်အိုနေးလ်က ပြော ပါတယ်။
ဧပြီလ ၂၂ ရက်က ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ယိမြို့မှာကျင်းပတဲ့ ၃၇ ကြိမ်မြောက် အမေရိကန်-အာဆီယံ ဆွေးနွေးပွဲမှာ သူက အခုလို ပြောကြားခဲ့တာပါ။
ပြည်သူတွေအပေါ် အကြမ်းဖက်တာ ချက်ချင်း အဆုံးသတ်ဖို့၊ မတရား ထိန်းသိမ်းထားသူတွေကို လွှတ်ပေးဖို့နဲ့ အကူအညီ လိုအပ်သူတွေထံ လူသားချင်းစာနာမှု အကူအညီ အဟန့်အတားမရှိ ပေးအပ် ခွင့်ပြုဖို့ ၎င်းက မြန်မာစစ်ကောင်စီကို တောင်းဆိုခဲ့ပါတယ်။
တောင်တရုတ်ပင်လယ်အတွင်း လွတ်လပ်စွာ ရေကြောင်းမောင်းနှင်မှု၊ ဉပဒေနဲ့အညီ ပင်လယ် ပြင် အသုံးပြုခွင့်ပေးဖို့ လိုအပ်တယ်လို့ ရှောင်အိုနေးလ်က ဆိုပါတယ်။
မတ်လ ၂၈ ရက် မြေငလျင်လှုပ်ခတ်မှုအပြီး မြန်မာနဲ့ထိုင်းမှာ အသက်ဆုံးရှုံးခဲ့သူတွေအတွက် စိတ်မကောင်းဖြစ်ရတယ်လို့ သူက ပြောပါတယ်။
မြေငလျင်ဘေးအလွန် ပြန်လည်ထူထောင်ရေးကာလအတွင်း အမေရိကန်နိုင်ငံက လူသားချင်း စာနာမှုအကူအညီ ဆက်ပေးမယ်လို့ ၎င်းက ကတိပြုပါတယ်။
ကိုးကား – https://www.state.gov
Ref; The 37th Annual U.S.-ASEAN Dialogue
#Ayeyarwaddy_Times