ဧရာဝတီတိုင်းမ်
ဧပြီ ၂၃ ရက်

စစ်ကောင်စီနဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA) ကြား အပစ်အခတ်ရပ်စဲရေးကို စောင့်ကြည့်ဖို့ တရုတ် နိုင်ငံဟာ မကြာသေးမီက အဖွဲ့တစ်ဖွဲ့ စေလွှတ်ခဲ့တယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါ တယ်။

ပြီးခဲ့တဲ့ရက်တွေအတွင်း စစ်ကောင်စီ တာဝန်ရှိသူတွေ လားရှိုးမြို့သို့ ပြန်ဝင်လာခဲ့ပြီး စစ်ကား တွေကို လားရှိုးမြို့ထဲမှာ မြင်တွေ့ရတယ်လို့ မြန်မာမီဒီယာတွေက ဖော်ပြပါတယ်။

“မြန်မာနိုင်ငံမြောက်ပိုင်းမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု ကာကွယ်စောင့်ရှောက်ရာမှာ အပြုသ ဘောဆောင်တဲ့ အခန်းကဏ္ဍမှ ပါဝင်တဲ့အတွက် စစ်ကောင်စီနဲ့ MNDAA က တရုတ်နိုင်ငံကို အသိအ မှတ်ပြုပါတယ်” လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Guo Jiakun က ပုံမှန်သ တင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“ကူမင်း ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ရှေ့ဆက်လုပ်ဆောင်ဖို့ တရုတ်နိုင်ငံက ဆက်ပြီး တွန်းအား ပေးသွားမယ်” လို့ သူက ဆိုပါတယ်။

စစ်ကောင်စီနဲ့ MNDAA ကြား အပစ်အခတ်ရပ်စဲရေးဟာ မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု အ ကူအညီတွေ ပိုမို ပေးအပ်ခွင့်ပြုဖို့ အာဆီယံအဖွဲ့က တွန်းအားပေးနေတဲ့ သဘောတူညီချက်နဲ့ သီးခြားစီ ဖြစ်ပါတယ်။

ကိုးကား – Reuters
Ref; China sends team to Myanmar to monitor ceasefire, foreign ministry says

#Ayeyarwaddy_Times