ဧကနိရွာမှာ အရမ်းဆိုးသွမ်းတဲ့ စစ်ကောင်စီသတင်းပေး ကိုနွမ်ဂွါး ဆိုသူပစ်ခတ်ခံရသေဆုံး
ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊သြဂုတ် ၂၆ ရက်
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ဧကနိရွာမှာ စစ်ကောင်စီသတင်းပေးဆိုသူတစ်ဦး ယမန်နေ့ သြဂုတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းက ပစ်သတ်ခံရတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
သြဂုတ် ၂၅ ရက် နံနက်ပိုင်းမှာ စစ်ကောင်စီသတင်းပေး ကိုနွမ်ဂွါးဆိုသူ သည် လမ်းမှာသွားလာနေစဥ် အမည်မသိ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုက ပစ်ခတ်ခဲ့ပြီး သေဆုံးနေတယ် လို့ ဒေသခံမတွေကပြောပါတယ်။
“သူက အိမ်မှာ တစ်နေကုန် နေတာမျိုးတော့မရှိပါဘူး။အရမ်းဆိုးသွမ်းတဲ့သူတစ်ယောက်ပါ။ရွာထဲမှာ နေရာအနှံ့ သွားလာသူဖြစ်ပြီး စစ်ကောင်စီအတွက် ရွာထဲက သတင်းတွေကို အမြဲတမ်းပို့ပေးနေတဲ့သူဖြစ်တယ်”လို့ ဒေသခံရွာသား တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
အဆိုပါ ကိုနွမ်ဂွါး ဆိုသူအား စစ်ကောင်စီကိုသတင်းပေးတဲ့အလုပ်ကိုဆက်မလုပ်ရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့်ဒေသခံများ အကြိမ်ကြိမ်သတိပေးတားမြစ်ရာ လိုက်နာခြင်းမရှိ လို့ ပစ်သတ်ခံရတာ ဖြစ်တယ် လို့ ဒေသခံများကဆိုပါတယ်။
သြဂုတ်လမှ စ၍ ရေဖြူမြို့နယ်အတွင်းစစ်ကောင်စီသတင်းပေးနှင့် ပျူစောထီးများ ဆက်တိုက် ပစ်ခတ်ရှင်းလင်းခံရမှုများ ရှိလာနေပြီ ကိုနွမ်ဂွါးဆိုသူကိုလည်း ဘယ်အဖွဲ့က ပစ်သတ်သွားတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
#Ayeyarwaddy_Times