ဧရာဝတီတိုင်းမ်
ဧပြီ ၁၆ ရက်

ဧရာဝတီတိုင်း၊မော်လကျွန်းမြို့တွင် ဧပြီ ၁၅ ရက် သင်္ကြန်အကြတ်နေ့က မျက်နှာကိုရေနှင့် အပက်ခံလိုက်ရသည့်အတွက် ဆိုင်ကယ်မှောက်ပြီး ကိုယ်ဝန် နှစ်လရှိအမျိုးသမီးတစ်ဦးသေဆုံးသွားခဲ့ကြောင်း သိရသည်။

သင်္ကြန်အကြတ်နေ့က မော်လမြိုင်ကျွန်းမြို့ပေါ်တွင် ဆိုင်ကယ်စီးနင်းလာသည့်အမျိုးသမီးတဦးကို ရေကစားနေသည့်ကလေးငယ်များမှ ရေပက်ရာ မျက်နှာကိုပက်လိုက်မိသောကြောင့်ဆိုင်ကယ်တိမ်းမှောက်ပြီး တဖက်လမ်းမှလာသည့်ကားနှင့် ဝင်ရောက်တိုက်မိကာ သေဆုံးသွားခြင်းဖြစ်ကြောင်း ဒေသခံများမှပြောသည်။

“ကောင်မလေးက ကိုယ်၀န်နှစ်လရှိတယ်ပြောတယ်။ ခုလိုဖြစ်သွားတော့ တစ်မြို့လုံးလဲစိတ်မကောင်းကြဘူး။ မြန့်မာဓလေ့အရ နှစ်ကူးချိန်မလို့ အတက်နေ့ ညနေသုံးနာရီက သဂြိုလ်လိုက်တယ်”ဟု ဒေသခံတစ်ဦးမှဧရာ၀တီတိုင်းမ်ကိုပြောသည်။

သေဆုံးသူ အမျိုးသမီး၏ ခင်ပွန်းဖြစ်သူက မဆင်မခြင် ရေပက်မှုကြောင့် အသက်ဆုံးရူံးရသည့် အကြောင်းကိုလူမှုကွန်ရက်တွင် ဖော်ပြထားပြီးနောက် ကြည့်ရှု့သူများမှ၀မ်းနည်းကြောင်းမှတ်ချက်ပေးသူများရှိကြောင်း သိရသည်။

#မော်လမြိုင်ကျွန်းမြို့ #ဆိုင်ကယ်မှောက် #ကိုယ်ဝန်ဆောင် #အမျိုးသမီးသေဆုံး #Ayeyarwaddy_Times