
ဧရာဝတီတိုင်းမ်
ဧပြီ ၁၅ ရက်
ဧရာဝတီတိုင်းရှိ အင်္ဂပူမြို့နယ်၊ လေးမျက်နှာမြို့နယ်နှင့် ရေကြည်မြို့နယ်များအတွင်းဖြတ်သန်းသွားသည့် ပုသိမ် – မုံရွာ ကားလမ်းမပေါ်တွင် ပြည်သူလူထုအနေဖြင့် သတိထားသွားလာကြရန် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ၂၉ က ဧပြီ၁၅ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
စစ်ကောင်စီက အဆိုပါလမ်းပိုင်းတွင် ပြည်သူပိုင်ယာဥ်များအား ဖမ်းဆီးခြင်း၊ ပေါ်တာဆွဲခြင်း၊ ငွေကြေးအဆမတန်တောင်းခံခြင်း၊ ဖမ်းဆီးထားသောယာဥ်များအား အသုံးပြု၍ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရွှေ့ပြောင်းခြင်းကို ဆောင်ရွက်လျှက်ရှိသည့်အတွက် ယခုကဲ့သို့ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီသည် ပြည်သူလူထုကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုကြောင့် ရေကြည်မြို့နယ်နှင့် လေးမျက်နှာမြို့နယ်တွင် ပြည်သူငါးဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် နေအိမ်ခြောက်လုံးမီးလောင်ပျက်စီးကာ နွားသုံးကောင်သေဆုံးခဲ့ကြောင်းသိရသည်။
စစ်ကောင်စီအနေဖြင့် တပ်ဖွဲ့ဝင်များ ရွှေ့ပြောင်းခြင်းကိစ္စရပ်ကို သင်္ကြန်ကာလအတွင်း၌ပင် ဆောင်ရွက်လျှက်ရှိပြီး သာသနာပိုင်ယာဥ်များ၊ လူနာတင်ယာဥ်များကိုပါ အသုံးပြုဆောင်ရွက်လျှက်ရှိရာ မလိုလားအပ်သောဆုံးရှုံးမှုများမဖြစ်ပေါစေရန်အတွက် ယခုကဲ့သို့ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။
#မြို့နယ်၃မြို့နယ် #ပြည်သူများ #သတိထားသွားလာ #ဧရာဝတီPDF #AYAPDF #ဗျူဟာ၂၉ #အင်္ဂပူမြို့နယ် #လေးမျက်နှာမြို့နယ် #ရေကြည်မြို့နယ် #Ayeyarwaddy_Times