
ဧရာဝတီတိုင်းမ်
ဧပြီလ ၁၁ ရက်
မြေငလျင်ဒဏ်သင့် မြန်မာနိုင်ငံဟာ ဆေးဝါးအကူအညီ၊ ယာယီဆေးရုံတွေနဲ့ ယာယီနေစရာတွေ အရေးပေါ် လိုအပ်နေပြီး ဒေသတွင်းနိုင်ငံတွေရဲ့ ကယ်ဆယ်ရေး ညှိနှိုင်းဆောင်ရွက်မှုနဲ့ ရေရှည် ပံ့ပိုးကူ ညီမှုတွေ လိုအပ်နေတယ်လို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီး မာရစ်ဆန်ဂီယမ်ပွန်ဆာက ပြောပါတယ်။
သူနဲ့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟတ်ဆန်တို့ဟာ ဧပြီလ ၅ ရက်က နေပြည် တော်မှာ မြန်မာစစ်ကောင်စီ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံကာ ငလျင်ပျက်စီးမှု အတိုင်းအတာကို မြင်တွေ့ခဲ့ ပါတယ်။
“မြန်မာနိုင်ငံ လိုအပ်နေတာက ယာယီဆေးရုံတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ဆေးရုံတွေဟာ မြေငလျင်ကြောင့် လူနာတွေကို အပြည့်အဝ ကုသမှုမပေးနိုင်သေးပါဘူး” လို့ သူက ဆိုပါတယ်။
ယာယီနေစရာ၊ ခြင်ထောင်၊ ရေသန့်စက်၊ သောက်သုံးရေလည်း လိုအပ်နေပြီး ကူးစက်လွယ် ရော ဂါတွေ ဖြစ်ပွားလာမှာကိုလည်း စိုးရိမ်မှုတွေ ရှိနေတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
ထိခိုက်ပျက်စီးတဲ့ဒေသတွေ အပါအဝင် မြန်မာနိုင်ငံအတွက် ရေရှည်အကူအညီပေးဖို့ အစီအစဉ် တွေ ရေးဆွဲနေတယ်လို့ မာရစ်က ရှင်းပြပါတယ်။
မလေးရှားနိုင်ငံက စစ်ကိုင်းတိုင်းဒေသကြီးမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ညှိနှိုင်းဆောင်ရွက်လို ပြီး ထိုင်းနိုင်ငံက မန္တလေးမြို့မှာ လူသားချင်းစာနာမှု အကူအညီတွေ ဆောင်ရွက်မယ်လို့ သူက ဆိုပါ တယ်။
အဓိကရည်ရွယ်ချက်မှာ အာဆီယံနိုင်ငံများမှ မြန်မာနိုင်ငံသို့ပေးအပ်တဲ့ ပြည်ပအကူအညီတွေ မြေပြင်သို့ ရောက်ရှိဖို့ဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။
“ပြည်သူတွေကို ကူညီတာအပြင် အဖွဲ့နှစ်ဖွဲ့က ရောက်ရှိလာမယ့် အကူအညီတွေအတွက် ကယ် ဆယ်ရေးလုပ်ငန်းတွေကို ညှိနှိုင်းဆောင်ရွက်မယ်ဆိုတာ ကျွန်တော်တို့ မြန်မာစစ်ကောင်စီကို ပြောကြား ခဲ့ပါတယ်” လို့ သူက ဆိုပါတယ်။
ကိုးကား – Reuters
Ref; Myanmar still in desperate need after quake, Thailand says
#Ayeyarwaddy_Times