ဘောလခဲမြို့ စစ်ဗျူဟာတပ်ရဲ့ ရေစုပ်စက်ကို BPDF တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၁ ဦးသေပြီး ရေစုပ်စက်ပျက်ဆီးဟုဆို
ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၂၅ ရက်
ကရင်နီ(ကယား)ပြည်နယ်၊ ဘောလခဲမြို့အခြေစိုက်
အခြေချစစ်ဗျူဟာအဖွဲ့(ဘော်လခဲ)တပ်ရင်းရဲ့ ရေစုပ် စက်မော်တာကို ဩဂုတ်လ ၂၂ ရက်နေ့ မနက်ပိုင်းက ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဘော်လခဲPDF က သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ရင်းတွေအတွက် သောက်သုံးရေ အဓိက အားထားဖြန့်ဝေပေးနေတဲ့ ရေစုပ်စက်မော်တာဖြစ်ပြီး လက်နက်ကြီးနဲ့ ပစ်ခတ်ရှင်းလင်းခဲ့လို့ ရေစုပ်စက်မော်တာကြီး ၁ လုံးထိခိုက်ပျက်ဆီးခဲ့တယ်လို့ဆိုပါတယ်။
ဒါ့အပြင် အဲ့ဒီရေမော်တာစက်နားမှလုံခြုံရေးစောင့်နေတဲ့စစ်ကောင်စီတပ်သားကို စနိုက်ဘာနဲ့ပစ်ခတ်ရှင်းလင်းခဲ့လို့စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးခဲ့ပြီး တခြားထိခိုက်မှုတွေရှိတယ်လို့ BPDF က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် BPDF အဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့သိရပါတယ်။
ဘောလခဲပြည်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ သက် ဆိုင်တဲ့နေရာတွေ ၊ စစ်ကောင်စီတပ်အခြေစိုက်လျက်ရှိတဲ့ နေရာတွေကို ရှောင်ကျဉ် သွားလာပေးကြဖို့ BPDFမှသတိပေး ထုတ်ပြန်ထားပါတယ်။
#AyeyarwaddyTimes