ကယန်းဒေသရှိ ကိုယ်ထူကိုယ်ထ စာသင်ကျောင်း ၂၃ ကျောင်းတွင်ကျောင်းသား ၁၂၀၀ ကျော်တက်ရောက် သင်ကြားနေ

ဧရာဝတီတိုင်းမ်

ဩဂုတ်လ ၂၅ ရက်

ကယန်း​ဒေသရှိ ကိုယ်ထူကိုယ်ထ စာသင်ကျောင်း ၂၃ ကျောင်းတွင်ကျောင်းသား ၁၂၀၀ ကျော်တက်ရောက် သင်ကြားလျှက်ရှိနေကြောင်း ကယန်းမျိုးဆက်သစ်လူငယ် ( KNGY )ထံမှ သိရသည်။

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်၊ ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံနှင့် ပင်လောင်းမြို့နယ်များတွင် ကယန်းဒေသ၏ ပညာရေးလိုအပ်ချက်များအရ ကယန်းမျိုးဆက်သစ်လူငယ် (KNGY)က ကိုယ်ထူကိုယ်ထ စာသင်ကျောင်း ၂၃ ကျောင်းဖွင့်လှစ်ထားကြောင်း သိရသည်။

” KNGY စီမံချက်အောက်က စာသင်ကျောင်း ၂၃ ကျောင်းမှာ ကျောင်းသား ၁၂၀၀ ကျော်တက်ရောက်သင်ကြားနေပါတယ်။ ဒေသခးတွင်းက စေတနာ့ဝန်ထမ်း ၁၃၀ ကို ဆရာဖြစ်သင်တန်းပို့ချပေးပြီးတော့ ဒီကျောင်းတွေမှ တာဝန်ချထားပါတယ်” ဟု ကယန်းမျိုးဆက်သစ်လူငယ် (KNGY)၏ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဆရာဖြစ်သင်တန်းတွင် မိခင်ဘာသာစကား နှင့် ဘာသာစကားအစုံသုံး ပညာရေး ( MTB- MLE ) စနစ်၏ သင်ထောက်ကူပစ္စည်းများဖြင့် သင်‌ကြားမည့် ဆရာ၊ဆရာမများနှင့် သင်ရိုးသစ် ဘာသာရပ်များအား သင်ကြားမည့် ဆရာ၊ဆရာများ ကို အဖွဲ့များခွဲကာ နေရာ ၃ ခုတွင် သင်ကြားပေးခဲ့့ပြီး အဆိုပါသင်တန်းအသီးသီးမှာ

၂၄ ရက်ကြာသင်ကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါသင်ကြားရေးကာလတွင် သင်ကြားပေးသောဘာသာရပ်များမှာ မိခင်ဘာသာစကားအခြေပြု၊ ဘာသာစကားအစုံသုံးပညာရေး (MTB- MLE)စနစ်၏ သင်ရိုးညွှန်းတမ်းများ၊ ကယန်းစာပေဘာသာရပ်များ ၊သင်ရိုးသစ် ( မြန်မာစာ၊အဂ်လိပ်စာနှင့်သချာ်) ၊ကယန်းသမိုင်းအကြောင်း၊ တင်ဆက်မှုစွမ်းရည် ၊ ခေါင်းဆောင်နိုင်မှုစွမ်းရည် နှင့် ပြည်သူ့နီတိ အစရှိသော

ဘာသာရပ်များကို သင်ကြားပေးခဲ့သည်ဟု ကယန်းမျိုးဆက်သစ်လူငယ် (KNGY)၏ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

” ပညာသင်ကာလ ၇ လသတ်မှတ်ထားတယ်။ KG ကနေ Grade 5 အထိ သင်ပေးသွားမှာဖြစ်တယ်။ မိခင်ဘာသာစကားအခြေပြု၊ ဘာသာစကားအစုံသုံးပညာရေး (MTB- MLE)စနစ်၏ သင်ရိုးညွှန်းတမ်းများ၊ ကယန်းစာပေဘာသာရပ်များ ၊သင်ရိုးသစ် ( မြန်မာစာ၊အဂ်လိပ်စာနှင့်သချာ်) ၊ကယန်းသမိုင်းအကြောင်း၊ တင်ဆက်မှုစွမ်းရည် ၊ ခေါင်းဆောင်နိုင်မှုစွမ်းရည် နှင့်

ပြည်သူ့နီတိ စတာတွေ သင်ကြားပေးသွားမှာဖြစ်ပါတယ်” ဟု ကယန်းမျိုးဆက်သစ်လူငယ် (KNGY)၏ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကယန်းမျိုးဆက်သစ်လူငယ် ( KNGY ) သည် ကယန်းဒေသ၏ ပညာရေးလိုအပ်ချက်များကို ၂၀၀၉ ခုနစ် ကစတင်ကာ ယနေ့ထိ စဉ်ဆက်မပြတ် အကောင်အထည်ဖော် လုပ်ဆောင်လျက်ရှိနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

#ကယန်း #ကိုယ်ထူကိုယ်ထ #စာသင်ကျောင်း #ကျောင်းသား #သင်ကြား

#Ayeyarwddy_Times