ဧရာဝတီတိုင်းမ်
ဧပြီ ၈ ရက်

ဆေးဝါးနဲ့ စမ်းသပ်ရေးကိရိယာတွေ အပါအဝင် ကယ်ဆယ်ရေးပစ္စည်းတွေ တင်ဆောင်လာတဲ့ ဂျ ပန်စစ်တပ်ရဲ့ C-130 လေယာဉ်ဟာ ယနေ့ မြန်မာနိုင်ငံသို့ ရောက်ရှိလာမယ်လို့ သိရပါတယ်။

အခက်အခဲတွေ ကြုံတွေ့နေရတဲ့ မြန်မာပြည်သူတွေကို ပံ့ပိုးကူညီမယ့်မူဝါဒအရ မြန်မာပြည်သူ တွေကို တိုက်ရိုက် အကျိုးဖြစ်ထွန်းစေတဲ့ ဆေးဝါးတွေ အပါအဝင် လူသားချင်းစာနာမှု အကူအညီတွေ တတ်နိုင်သမျှ ထောက်ပံ့ဖို့ ဂျပန်အစိုးရက ရည်ရွယ်ပါတယ်။

ဂျပန်အစိုးရဟာ မတ်လ ၃၁ ရက်က အဖွဲ့ဝင် (၅) ဉီးပါ အကဲဖြတ်အဖွဲ့ကို မြန်မာနိုင်ငံသို့ စေ လွှတ်ခဲ့ပါတယ်။ ဧပြီလ ၂ ရက်မှာ ဂျပန်အစိုးရဟာ ဆရာဝန်တွေ အပါအဝင် အဖွဲ့ဝင် ၃၂ ဉီးပါ ကယ် ဆယ်ရေးအဖွဲ့ကို မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့ပါတယ်။

ဂျပန်-အာဆီယံ ပေါင်းစည်းရေးရန်ပုံငွေ (JAIF) အရ မတ်လ ၃၀ ရက်မှာ ရေစိမ်ခံ မိုးကာတွေနဲ့ ရွက်ဖျင်တဲတွေ မြန်မာနိုင်ငံသို့ ပို့ဆောင်ခဲ့ပါတယ်။

နိုင်ငံတကာ အဖွဲ့အစည်းတွေမှတစ်ဆင့် အရေးပေါ်ထောက်ပံ့ငွေ ဒေါ်လာ (၆) သန်း ထောက်ပံ့ မယ်လို့ ဂျပန်အစိုးရက ဧပြီလ ၂ ရက်မှာ ကြေညာခဲ့ပါတယ်။

ဂျပန်နိုင်ငံရဲ့ ထောက်ပံ့ငွေ ပေးအပ်မယ့်အစီအစဉ် အသေးစိတ်ကို သက်ဆိုင်ရာ နိုင်ငံတကာ အ ဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်မယ်လို့ သိရပါတယ်။

ကိုးကား – https://www.mofa.go.jp
Ref; Dispatch of Self-Defense Forces aircraft in Response to the Earthquake Damage in Myanmar

#Ayeyarwaddy_Times