
ဧရာဝတီတိုင်းမ်
ဧပြီ ၇ ရက်
မြေငလျင်ဘေးအတွက် ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ဆောင်နိုင်ဖို့ မြန်မာစစ် ကောင်စီက ယခင် ကြေညာထားတာထက် ကျော်လွန်ပြီး အပစ်အခတ်ရပ်စဲဖို့ အာဆီယံနိုင်ငံတွေ အထူး သဖြင့် မလေးရှားနိုင်ငံက မျှော်လင့်ပါတယ်။
အာဆီယံအဖွဲ့က အပစ်အခတ်ရပ်စဲရေး ကြေညာချက်ကို မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာ မက်ဟတ်ဆန်က ပြောပါတယ်။
မြန်မာပြည်သူတွေရဲ့ လုံခြုံရေးနဲ့ သာယာဝပြောရေးအတွက် မြေငလျင်ကြောင့် ထိခိုက်ပျက်စီးမှု နဲ့ ရေရှည် လူသားချင်းစာနာမှု အကူအညီလိုအပ်ချက်ကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်တယ်လို့ သူက ဆို ပါတယ်။
“ဒီလို အကျပ်အတည်းအခြေအနေမှာ အပစ်အခတ်ရပ်စဲတာ ကျွန်တော်တို့ ဝမ်းသာပါတယ်။ မြန် မာနိုင်ငံဟာ ကပ်ဘေးတစ်ခု ရင်ဆိုင်နေရပါတယ်” လို့ ၎င်းက ဆက်ပြောပါတယ်။
“ပဋိပက္ခတွေ ဆက်မဖြစ်ပါနဲ့။ အရေးကြီးဆုံးက မြန်မာပြည်သူတွေကို ဘယ်လို ကယ်တင်ပြီး အ ကူအညီပေးအပ်နိုင်မလဲဆိုတာ ဖြစ်ပါတယ်” လို့ သတင်းစာရှင်းလင်းပွဲမှာ သူက ပြောပါတယ်။
မလေးရှားနဲ့ အာဆီယံနိုင်ငံတွေမှ ကယ်ဆယ်ရေးအဖွဲ့တွေက အကူအညီပေးနိုင်ရေး အပစ်အ ခတ်ရပ်စဲဖို့ မျှော်လင့်တယ်လို့ ၎င်းက ဆိုပါတယ်။
“ကယ်ဆယ်ရေးအဖွဲ့တွေကို ခြိမ်းခြောက်နိုင်တယ်လို့ ကျွန်တော်တို့ ရှုမြင်တဲ့ အရာတွေရှိနေရင် မြန်မာနိုင်ငံသို့ ကယ်ဆယ်ရေးအဖွဲ့တွေ စေလွှတ်တာကို ပြန်လည်သုံးသပ်ဖို့ အာဆီယံနိုင်ငံတွေကို ကျွန် တော်တို့ တောင်းဆိုပါမယ်” လို့ မိုဟာမက်ဟတ်ဆန်က ပြောပါတယ်။
မလေးရှားနိုင်ငံရဲ့ လူသားချင်းစာနာမှု အကူအညီ ကတိကဝတ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် မိုဟာ မက်ဟတ်ဆန်က နေပြည်တော်မှာ ရင်းဂစ် ၁၀ သန်းတန်ကြေးရှိ လူသားချင်းစာနာမှုအကူအညီ ၁၅ တန် လွှဲပြောင်းပေးခဲ့ပါတယ်။
ကိုးကား – Bernama
Ref; ‘Do not continue conflicts’: Mohamad Hasan urges Myanmar junta to extend ceasefire for quake aid, recovery efforts
#Ayeyarwaddy_Times