ပုသိမ်မှာဆိုင်ကယ်သူခိုး ၂ ဦးကို ပြည်သူတွေဝိုင်းဝန်းဖမ်းဆီရာမှ တစ်ဦးရေထဲခုန်ချသေဆုံး

ဧရာဝတီတိုင်းမ်

သြဂုတ်လ ၂၅ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့မှာ သြဂုတ်လ ၂၅ ရက်နေ့ ညနေ ၃ နာရီအချိန်က ကန်သုံးဆင့်ကန်အနီးမှာ ဆိုင်ကယ်သူခိုး ၂ ဦး ကို ပြည်သူများကဝိုင်းဝန်းဖမ်းဆီးရာ တစ်ဦးဖမ်းမိပြီး တစ်ဦးက ရေကန်ထဲခုန်ချရာမှ ရေနစ်သေဆုံးသွားတယ်လို့ဒေသခံတွေဆီက သိရပါတယ်။

“ပုသိမ်တက္ကသိုလ်ဘက်က ဆိုင်ကယ်သူခိုးဆိုပြီးလိုက်လာကြတာ။ လူအယောက် ၁၅၀ လောက်ရှိမယ်။ တစ်ယောက်ကိုတော့ ကန်ထဲတံတားမှာမိတယ်။ တစ်ယောက်ကန်သုံးဆင့်ကန်ထဲခုန်ချတာပြန်ပေါ်မလာတော့ဘူး”လို့ မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ပြည်သူတွေဝိုင်း၀န်းဖမ်းဆီသူနှစ်ဦးဟာ

ပုသိမ်တက္ကသိုလ်၀န်းထဲက ဆိုင်ကယ်တစ်စီးကိုခိုးယူနေစဥ် မြင်တွေ့တဲ့ ပြည်သူတွေက လိုက်လံဖမ်းဆီးခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။

ဖမ်းမိတဲ့ ဆိုင်ကယ်သူခိုးတစ်ဦးကို ရဲစခန်းကနယ်ထိန်းဆိုသူတွေက လာရောက်ခေါ်ဆောင်သွားပြီလို့ သိရပြီး ကန်သုံးဆင့်ကန်အတွင်း ရေနစ်သေဆုံးသွားသူကိုတော့ ခုချိန်အထိ လိုက်လံရှာဖွေနေပေမယ့် အလောင်းမရသေးဘူးလို့ ဒေသခံတွေက သိရပါတယ်။

#ပုသိမ် #ဆိုင်ကယ်သူခိုး #ပြည်သူ #ဝိုင်းဝန်းဖမ်းဆီး #ရေနစ်သေဆုံး

#Ayeyarwaddy_Times