
ဧရာဝတီတိုင်းမ်
ဧပြီ ၁ ရက်
ကိုရီးယားနိုင်ငံရှိ K-POP ကြယ်ပွင့်များဖြစ်သည့် ထိုင်းနိုင်ငံသူ (G)I-DLE အဖွဲ့ဝင် မင်နီ (Minnie)နှင့် Idol၊ ရုပ်ရှင် သရုပ် ဆောင် တစ် ဦးဖြစ်သူ ယင်စီဝမ် (Yim Si Wan) တို့က မြန်မာ့ငလျင်ဘေးအတွက် အလှူငွေများ အသီးသီးလှူဒါန်းခဲ့ကြကြောင်း သိရသည်။
ထိုင်းနိုင်သူတစ်ဦးလည်းဖြစ်သည့် K-POP ကြယ်ပွင့် မင်နီ က သူမ၏ မွေးရပ်မြေဖြစ်သည့် ထိုင်း နှင့် အိမ်နီးချင်း မြန်မာနိုင်ငံတို့ ငလျင်ဒဏ် ခံစားရသည့်အတွက် ဝမ်းနည်းကြောင်း နှင့် နှစ်နိုင်ငံအတွက် လိုအပ်သည့် နေရာများတွင် အသုံးပြုရန်ရည်ရွယ်ကာ ကိုရီးယား ငွေ ဝမ် သန်း ၁၀၀ ကို ကိုရီးယားကြက်ခြေနီအဖွဲ့ထံ လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့ပြင် နိုင်ငံတကာတွင် နာမည်ကြီးလူကြိုက်များခဲ့သည့် ကိုရီးယားစီးရီး Squid Game Season-2 မှ Player 333 အဖြစ်သရုပ်ဆောင်ခဲ့သည့် မင်းသား ယင်စီဝမ် ကလည်း ကိုရီးယား ယူနီဆက်ဖ်(UNICEF) မှ တစ်ဆင့် မြန်မာ့ငလျင်ဘေးအတွက် ဝမ် သန်း ၃၀ လှူဒါန်းခဲ့ကြောင်း သိရသည်။
ကိုးရီယား အစိုးရကလည်း ငလျင်ဘေးသင့် မြန်မာနိုင်ငံအတွက် လူသားချင်းစာနာ ထောက်ထားမှု အကူအညီ အနေဖြင့် အမေရိကန် ဒေါ်လာ နှစ်သန်း လှူဒါန်းမည်ဖြစ်ကြောင်း ပြောဆိုထားသည်။
မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် မတ် ၂၈ ရက်နေ့ကဖြစ်ပွားခဲ့သည့် ပြင်းထန်ငလျင်ကြောင့် သေဆုံးပျက်စီးမှု များစွာဖြစ်ပွားခဲ့ပြီး ကမ္ဘာကျော်အနုပညာရှင်များဖြစ်သည့် Michelle Yeoh၊ Misha Collins တို့အပြင် ကမ္ဘာကျော် ဘောလုံး ကလပ်အသင်း အချို့ကလည်း ဝမ်းနည်းကြောင်းစာများ ထုတ်ပြန်ခဲ့ကြသည်။
ဓာတ်ပုံ – အင်တာနက်
#ကိုရီးယား #ကြယ်ပွင့် #ငလျင် #ငွေကြေးလှူဒါန်း #မင်နီ #ယင်စီဝမ် #Ayeyarwaddy_Times