ဧရာဝတီတိုင်းမ်
မတ် ၃၀ ရက်

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာယာရပ်ရှိ မြဝတီသီလရှင်စာသင်တိုက် ငလျင်ဒဏ်သင့်၍ သီလရှင် ဆရာလေး အပါး ၂၀၀ ခန့်သည် သီတင်းသုံးနေထိုင်ရာတွင် ခက်ခဲလျက် ရှိကြောင်းသိရသည်။

မန္တလေးမြို့သည် ဗုဒ္ဓသာသနာ၊ ဗုဒ္ဓတရားတော်များ သင်ကြားပို့ချရာဒေသဖြစ်ပြီး စာသင်သီလရှင် ဆရာ‌လေးများ‌ အများဆုံးသီတင်းသုံးနေထိုင်ကြသည်။

မတ်လ ၂၈ ရက်နေ့တွင် အင်အားပြင်းထန်သည့်ငလျင် ၇ ဒသမ ၇ လှုပ်ခတ်မှုကြောင့် ဘုရားစေတီပုထိုး၊ ယဉ်ကျေးမှုအမွေအနှစ်၊ သမိုင်းဆိုင်ရာ အဆောက်အအုံ၊ အဆောက်အဦးများနှင့် လူနေအိမ်တိုက်တာ များပြိုကျပျက်စီးပြီး လူသေဆုံးမှုများပြားလျက်ရှိသည်။

ဓာတ်ပုံ – မြဝတီသီလရှင်စာသင်တိုက်
#ငလျင်ကြီး #စစ်ကိုင်း #မန္တလေး #Photo_News #Ayeyarwaddy_Times